အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

ပန်းပွင့်တွေနဲ့ တော်လှန်နေသူတွေရဲ့ပြပွဲ ချင်းမိုင်မှာ ပြုလုပ်နေ

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှာ ကျင်းပနေတဲ့ ဒီအနုပညာ ပန်းချီပြပွဲဟာ ထူးခြားတယ်လို့ ပြောရမှာပါ။ 

စစ်အာဏာရှင်စနစ်ကို  ပုန်ကန်တော်လှန်ခဲ့သူတွေရဲ့ ပုံရိပ်တွေကို ပန်းပွင့်၊ သစ်ရွက်တွေနဲ့  ဖန်တီးပြုလုပ်ထားတဲ့  Pressed Flower Art ပန်းချီလက်ရာတွေကို ပြသနေတာပါ။

ဒီပြပွဲကိုတော့ Together လို့ နာမည်ပေးထားပြီး ဖန်တီးသူတွေဟာ နွေဦးတော်လှန်ရေးမှာ သက်ဆိုင်ရာကဏ္ဍကနေ ပါဝင်နေကြသူတွေ ဖြစ်ပါတယ်။ 

ဒီအနုပညာပြပွဲမှာ ခေတ်အဆက်ဆက်က အာဇာနည်သူရဲကောင်းတွေကို ဂုဏ်ပြုထားတဲ့အပြင် ဒီကနေ့ထိ မြန်မာ့ဒီမိုကရေစီအရေးမှာ ကျဆုံးခဲ့တဲ့ အာဇာနည် သူရဲကောင်းတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ ပေးဆပ်ခဲ့သူတွေအားလုံးကို အနုပညာအဖြစ်ဖန်တီးပြီး ဂုဏ်ပြုထားတာပါ။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ကိုလှိုင်း/Myanmar Now

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles