အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

ဦးဝါသဝရဲ့ ပျူစောထီးနဲ့ စစ်တပ်လက်ချက်ကြောင့် တစ်ပတ်ကျော်အတွင်း ကန့်ဘလူဒေသခံ ၁၁ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့အနီးက ကျေးရွာတွေကို သင်္ကန်းဝတ် ဦးဝါသဝ ဦးဆောင်တဲ့ ပျူစောထီးနဲ့ စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းပြီး တစ်ပတ်ကျော်အတွင်းမှာ အနည်းဆုံး ဒေသခံ ၁၁ဦးကို သတ်ဖြတ်ခဲ့သလို ကျေးရွာတွေကိုလည်း မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေး အဖွဲ့တွေက ပြောပါတယ်။ 

ဇီးကုန်းမြို့နဲ့ ဇီးကုန်းမြို့အနီးက သကြားစက်တွေမှာ အထိုင်စခန်းချထားတဲ့ စစ်ကောင်စီနဲ့ ပျူစောထီး အင်အား ၁၅၀ လောက် ပါတဲ့ ပူးပေါင်းအဖွဲ့ဟာ ဇွန်လ ၂၃ ရက်က စပြီး ဇီးကုန်းမြို့အနီးပတ်လည်ကို စစ်ကြောင်းထိုးခဲ့ပါတယ်။ 

အဲ့ဒီ့ပူးပေါင်းစစ်ကြောင်းဟာ ဒီကနေ့(ဇူလိုင် ၄)အထိ ဒေသခံ ၁၁ ဦးထိ သတ်ဖြတ်ခဲ့သလို ဇီးကုန်းမြို့ ရန်ကြီးအောင်ကွက်သစ်နဲ့ ဆင်ထူးကုန်း ဘုန်းကြီးကျောင်း အရှေ့ဘက်က နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကန့်ဘလူမြို့နယ်အတွင်းမှာ ၅၀၅ ဆရာတော်လို့ လူသိများတဲ့ စစ်ကောင်စီလက်အောက်ခံ သင်္ကန်းဝတ်ဘုန်းကြီး  ဦးဝါသ၀ ဦးဆောင်တဲ့ ပျူစောထီးတပ်တွေက စစ်ကောင်စီတပ် တွေနဲ့ ပူးပေါင်းပြီး ဒီသတ်ဖြတ်မှုတွေကို ကျူးလွန်နေကြတာပါ။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

စစ်တပ်နဲ့ ပျူစောထီးလက်ချက်ကြောင့် သေဆုံးသွားသူတွေဟာ သပြေသာရွာက အမျိုးသား ၅ ဦး၊ ကျောင်းကုန်းရွာက အမျိုးသား ၃ ဦး၊ ဖိုကုန်းရွာက အမျိုးသား ၁ဦး ၊ မင်းဘာရွာက အမျိုးသာ ၁ဦးနဲ့  အမည်မသိအမျိုးသား ၁ ဦးတို့ ဖြစ်ပြီး အသတ်ခံရတဲ့ သူတွေဟာ တော်လှန်ရေးအဖွဲ့တွေနဲ့ ဆက်စပ်သူတွေမဟုတ်ပဲ အရပ်သားတွေသာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ကိုလှိုင်း/ Myanmar Now

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button