အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

စစ်အာဏာရှင်ကိုအသက်ဆက်ပေးနေကြောင်း သက်သေခံနေသည့် တရုတ်ကြေးနီစီမံကိန်းများ

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးကို လိုလားပြီး မြန်မာပြည်၏ ပြည်တွင်းရေးကို မစွက်ဖက်ကြောင်း တရားဝင်မူဝါဒရှိသော်လည်း ထိုအချက်မှာ လိမ်လည်မှုသာဖြစ်သည်ကို စစ်ကိုင်းတိုင်းရှိ ကြေးနီစီမံကိန်းများက သက်သေခံနေသည်။ 

ထိုစီမံကိန်းများကို အဓိက ဦးစီးသည့် ဝမ်ပေါင်ကုမ္ပဏီမှာ တရုတ်အစိုးရပိုင် လက်နက်ခဲယမ်း ထုတ်လုပ်သည့် နိုရင်ကို (NORINCO) လုပ်ငန်းစု၏ လက်အောက်ခံကုမ္ပဏီဖြစ်သည်။ 

ဩစတြေးလျ အခြေစိုက် Publish What You Pay အဖွဲ့က ၂၀၂၁ နှစ်ကုန်ပိုင်းတွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံအစာအရ စစ်ကောင်စီနှင့် မြန်မာ့စီပွားရေး ဦးပိုင်လီမိတက်တို့သည်  ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်တွင် သတ္တုတူးဖော်ရေးလုပ်ငန်း သုံးခုမှ အမေရိကန်ဒေါ်လာ ၇၂၅ သန်းရရှိသည်။

အစီရင်ခံစာပါအချက်အလက်အရ ပဋိပက္ခများ ဖြစ်ပွားနေသည့် စစ်ကိုင်းတိုင်းအတွင်းရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ ဝင်ငွေအများဆုံးဖြစ်ပြီး အမေရိကန်ဒေါ်လာ ၄၁၇ သန်း၊ စံပယ်တောင်နှင့် ကြေးစင်တောင် စီမံကိန်းမှ အမေရိကန်ဒေါ်လာ ၁၈၇ သန်း ရရှိခဲ့ကာ၊ တကောင်းတောင် နီကယ်စီမံကိန်းမှ ၁၂၁ သန်း ဝင်ငွေ ရရှိခဲ့သည်။ 

ထိုစီမံကိန်းများတွင် ပါဝင်နေသည့် NORINCO ကုမ္ပဏီသည် မြန်မာစစ်တပ်ကို ၂၀၂၁ အာဏာမသိမ်းခင်ကတည်းက စစ်လက်နက် ရောင်းချမှုများရှိပြီး အာဏာသိမ်းပြီးနောက်တွင်လည်း ဆက်လက်ရောင်းချနေကြောင်း အထောက်အထားများ မကြာသေးခင်က ထပ်မံပေါ်ထွက်လာသည်။ 

အာဏာသိမ်းပြီးနောက် လပိုင်းအကြာမှာပင် လုပ်ငန်းများ ရပ်တန့်ထားလိုက်ရပြီးနောက် ဝင်ငွေ ဒေါ်လာ သန်းနှင့်ချီ နစ်နာနေသည့် ကြေးနီစီမံကိန်း ပြန်လည်ပတ်နိုင်ရေးအတွက် ပြီးခဲ့သည့် ၂၀၂၄၊ နှစ်လယ်က စပြီး သိသိသာသာ ကြိုးပမ်းမှုများ လုပ်လာသည်။ 

စစ်တပ် သက်ဆိုးရှည်စေ‌ရေး ဝင်ငွေရပေါက်ဖြစ်နေသည့် ကြေးနီစီမံကိန်း ပြန်လည်ပတ်မည့် အရေးနှင့် ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် နှုတ်ဆိတ်နေသကဲ့သို့ ဖြစ်နေသည်ဟု ဒေသခံများက ဝေဖန်ထောက်ပြသည်။ မြန်မာနိုင်ငံ၏ စစ်ရေးနှင့် နိုင်ငံရေးအပေါ် အလွန်သြဇာကြီးသည့် တရုတ်ကို NUG နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက လူသိရှင်ကြားမဝေဖန်ရဲကြပေ။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button