အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဟားခါးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းကို ချင်းဒေသကာကွယ်ရေးအဖွဲ့ သိမ်းပိုက် 

ချင်းပြည်နယ်မြို့တော် ဟားခါးမှ မိုင် ၅၀ အကွာရှိ ဆူခွာရ်းမြို့ရှိ စစ်ကောင်စီတပ်များ ခြေကုပ်ယူထားသည့် တပ်စခန်းတစ်ခုကို ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) က ယနေ့ (မေ ၈) နံနက်ပိုင်းတွင် ဝင်ရောက်စီးနင်းသိမ်းပိုက်ခဲ့သည်ဟု သိရသည်။ 

စစ်ကောင်စီ၏ လက်နက်ကိုင်အင်အား ၁၅ ဦးထက်မနည်းရှိနေသည့် အဆိုပါ တပ်စခန်းကို ဝင်ရောက်စီးနင်းချိန်တွင် စစ်သားနှင့် ရဲများအားလုံး ထွက်ပြေးသွားခဲ့ပြီးဖြစ်သဖြင့် သေနတ်တစ်ချက်မဖောက်ရဘဲ သိမ်းယူနိုင်ခဲ့သည်ဟု CDF (ဟားခါး) ပြောရေးဆိုခွင့်ရှိသူက Myanmar Now ကို ပြောသည်။ 

“ကျွန်တော်တို့ ရောက်သွားတော့ သူတို့အကုန်ပြေးကုန်တာ။ ကျွန်တော်တို့ သေနတ်တစ်ချက်တောင် မဖောက်ရဘူး။ ဒီကတပ်စခန်းတွေက လူလည်းမများဘူး။ ကျွန်တော်တို့အကြောင်းတွေလည်း သူတို့ သိထားတယ်” ဟု ၎င်းက ပြောသည်။ 

ဆူခွာရ်းမြို့ရှိ အဆိုပါစခန်းတွင် တာဝန်ကျနေသည့် လက်နက်ကိုင်အဖွဲ့ဝင်များကို CDM တွင် ပါဝင်ရန် တောင်းဆိုခဲ့သော်လည်း ရဲနှစ်ဦးသာ ပူးပေါင်းပါဝင်ပြီး ကျန် ၁၅ ဦးမှာ ပါဝင်ခြင်းမရှိသဖြင့် ဝင်ရောက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်းလည်း CDF (ဟားခါး) ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အဆိုပါ နေရာတွင် စစ်ကောင်စီက ထပ်မံတပ်စွဲခြင်း မပြုနိုင်စေရန် ဝင်ရောက်စီးနင်းသိမ်းပိုက်ပြီးနောက် တပ်စခန်းကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု CDF က ထုတ်ပြန်ထားသည်။ 

“ကျွန်တော်တို့က သူတို့ရဲ့ဘယ်တပ်စခန်းကိုမဆို သိမ်းနိုင်တယ်ဆိုတဲ့ဟာကို သတိပေးချင်လို့။ သူတို့ကို ခြိမ်းခြောက်တဲ့အဆင့်သာ ရှိတယ်ဆိုတာကို ပြချင်တာ။ သူတို့ဘက်က တောင်းဆိုမှုတွေကို မလိုက်နာပေးဘူးဆိုရင်တော့ နောက်ထပ်လှုပ်ရှားမှုတွေ ထပ်ပြီးလှုပ်ရှားနိုင်တယ်” ဟု အထက်ပါ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ 

ဟားခါးမြို့တွင် စစ်ကောင်စီက ဖမ်းဆီးထားသည့် ဒေသခံ ၆၀ နီးပါးကို ပြန်လွှတ်ပေးခြင်း မရှိသည့်အတွက် CDF က မေ ၂ ညပိုင်းမှစ၍ နှစ်ရက်ဆက် တိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ စစ်ကောင်စီဘက်မှ ၁၀ ဦးခန့် သေဆုံးခဲ့သည်။

ဧပြီလကုန်ပိုင်းကလည်း ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့တွင် စစ်ကောင်စီတပ်များနှင့် ဒေသခံများကြား လေးရက်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၃၀ နီးပါး ထိခိုက်သေဆုံးခဲ့သည်။

စစ်ကောင်စီရန်မှ ကာကွယ်ရန် ချင်းပြည်နယ်အတွင်းရှိ မြို့နယ် ၉ ခုနှင့် ပြည်နယ်ပြင်ပရှိ ချင်းလူမျိုးများ စုစည်းကာ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (Chinland Defense Force − CDF) ကို ဧပြီလဆန်းပိုင်းတွင် စတင်ဖွဲ့စည်းခဲ့ပြီး စစ်ကောင်စီတပ်များကို ရိုးရာလက်လုပ် တူမီးသေနတ်များဖြင့် ခုခံတော်လှန်လျက်ရှိသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button