အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

၂၀၂၅ မှာ KNU အနေနဲ့ အရွေ့တခုဖြစ်အောင် မျှော်လင့်ထားတယ်

နယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခု အပါအဝင် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်က စစ်ကောင်စီစခန်းတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့  မဟာမိတ်ပူးပေါင်းတပ်တွေက ဆက်တိုက်ဆိုသလို တိုက်ခိုက်၊ သိမ်းပိုက်နေပါတယ်။ 

နယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခု အပါအဝင် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်က စစ်ကောင်စီစခန်းတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့  မဟာမိတ်ပူးပေါင်းတပ်တွေက ဆက်တိုက်ဆိုသလို တိုက်ခိုက်၊ သိမ်းပိုက်နေပါတယ်။ 

နှစ်ပေါင်း ၃၀ကျော်လောက် စစ်ကောင်စီတပ် တပ်စွဲထားတဲ့ နယ်စပ်က အရေးပါတဲ့စခန်းတွေကို ကရင်အမျိုးသားအစည်းအရုံး KNU ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက သိမ်းပိုက်နေတာပါ။ 

ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်က ကရင်နီ၊ ကရင်၊ မွန်နဲ့ တနင်္သာရီတိုင်းအထိ ကီလိုမီတာ ၃၀၀၀ကျော် ရှည်လျားတဲ့ နယ်စပ်တစ်ခုလုံးကို စစ်ကောင်စီ ကင်းစင်အောင် တိုက်ထုတ်သွားမယ်လို့ KNU က ဆိုပါတယ်။ 

တပ်မဟာ ၇ခုနဲ့ ဖွဲ့စည်းထားတဲ့ KNU ဟာ လက်ရှိမှာတော့ တပ်မဟာ ၄၊ ၅၊ ၆၊ ၇ နယ်မြေထဲက စစ်ကောင်စီရဲ့ ဗျူဟာစခန်းကြီး အနည်းဆုံး ၁၀ခုအပြင် နည်းခြားခံစစ်စခန်းကုန်း ၂၀ကျော်နဲ့ ကာကင်းစခန်းငယ် အမြောက်အများကိုလည်း သိမ်းပိုက်ထားနိုင်ပါတယ်။ 

ကရင်အမျိုးသားအစည်းအရုံး KNU အနေနဲ့ အခုနှစ် ၂၀၂၅ ခုနှစ်မှာ စစ်ရေး၊ နိုင်ငံရေး အရွေ့တခု ဖြစ်အောင် လုပ်ဆောင်နေတယ်လို့ KNU ပြောခွင့်ရ ပဒိုစောတောနီးက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပက်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU)  ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကို မြန်မာနောင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုလှိုင်း/Myanmar Now

Related Articles

Back to top button