အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

၂၀၂၅ မှာ KNU အနေနဲ့ အရွေ့တခုဖြစ်အောင် မျှော်လင့်ထားတယ်

နယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခု အပါအဝင် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်က စစ်ကောင်စီစခန်းတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့  မဟာမိတ်ပူးပေါင်းတပ်တွေက ဆက်တိုက်ဆိုသလို တိုက်ခိုက်၊ သိမ်းပိုက်နေပါတယ်။ 

နယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခု အပါအဝင် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်က စစ်ကောင်စီစခန်းတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့  မဟာမိတ်ပူးပေါင်းတပ်တွေက ဆက်တိုက်ဆိုသလို တိုက်ခိုက်၊ သိမ်းပိုက်နေပါတယ်။ 

နှစ်ပေါင်း ၃၀ကျော်လောက် စစ်ကောင်စီတပ် တပ်စွဲထားတဲ့ နယ်စပ်က အရေးပါတဲ့စခန်းတွေကို ကရင်အမျိုးသားအစည်းအရုံး KNU ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက သိမ်းပိုက်နေတာပါ။ 

ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်က ကရင်နီ၊ ကရင်၊ မွန်နဲ့ တနင်္သာရီတိုင်းအထိ ကီလိုမီတာ ၃၀၀၀ကျော် ရှည်လျားတဲ့ နယ်စပ်တစ်ခုလုံးကို စစ်ကောင်စီ ကင်းစင်အောင် တိုက်ထုတ်သွားမယ်လို့ KNU က ဆိုပါတယ်။ 

တပ်မဟာ ၇ခုနဲ့ ဖွဲ့စည်းထားတဲ့ KNU ဟာ လက်ရှိမှာတော့ တပ်မဟာ ၄၊ ၅၊ ၆၊ ၇ နယ်မြေထဲက စစ်ကောင်စီရဲ့ ဗျူဟာစခန်းကြီး အနည်းဆုံး ၁၀ခုအပြင် နည်းခြားခံစစ်စခန်းကုန်း ၂၀ကျော်နဲ့ ကာကင်းစခန်းငယ် အမြောက်အများကိုလည်း သိမ်းပိုက်ထားနိုင်ပါတယ်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ကရင်အမျိုးသားအစည်းအရုံး KNU အနေနဲ့ အခုနှစ် ၂၀၂၅ ခုနှစ်မှာ စစ်ရေး၊ နိုင်ငံရေး အရွေ့တခု ဖြစ်အောင် လုပ်ဆောင်နေတယ်လို့ KNU ပြောခွင့်ရ ပဒိုစောတောနီးက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပက်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU)  ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကို မြန်မာနောင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုလှိုင်း/Myanmar Now

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles