အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

“တီးတိန်ရပြီဆိုရင် ချင်းညီနောင် ၆ဖွဲ့လုံး စစ်ကိုင်း၊ မကွေးမှာ ပါဝင်လာမယ်”

ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးဗျူဟာကျတဲ့ ဖလမ်းမြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီးတဲ့နောက် 'ချင်းပြည်မြောက်ပိုင်း နောက်ဆုံးလှိုင်း' အနေနဲ့ တီးတိန်မြို့အခြေစိုက် စစ်ကောင်စီစခန်းတွေကို ဆက်လက်တိုက်ခိုက်၊ သိမ်းပိုက်သွားမယ်လို့ ချင်းညီနောင်အဖွဲ့က ပြောပါတယ်။

ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးဗျူဟာကျတဲ့ ဖလမ်းမြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီးတဲ့နောက် ‘ချင်းပြည်မြောက်ပိုင်း နောက်ဆုံးလှိုင်း’ အနေနဲ့ တီးတိန်မြို့အခြေစိုက် စစ်ကောင်စီစခန်းတွေကို ဆက်လက်တိုက်ခိုက်၊ သိမ်းပိုက်သွားမယ်လို့ ချင်းညီနောင်အဖွဲ့က ပြောပါတယ်။

အာရက္ခတပ်တော် AA နဲ့ မဟာမိတ်ဖွဲ့ထားတဲ့၊ ချင်းတော်လှန်ရေးလက်နက်ကိုင် ၆ဖွဲ့ စုဖွဲ့ထားတဲ့ ချင်းညီနောင်အဖွဲ့ဟာ တီးတိန်မြို့သိမ်းတိုက်ပွဲ ပြီးရင်တော့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲကို ဝင်ရောက်ပြီး စစ်ရေးအရ ပါဝင်ကူညီသွားမယ်လို့ ဆိုပါတယ်။

ချင်းညီနောင်အဖွဲ့ဟာ ၂၀၂၄အတွင်းက ကျင်ဒွေး၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်မြို့တွေကို သိမ်းပိုက်ထားပြီး အခု ၂၀၂၅ခုနှစ်မှာတော့ ဖလမ်းမြို့ကို ဆက်လက်သိမ်းပိုက်နိုင်ခဲ့တာပါ။

ချင်းညီနောင်အဖွဲ့ ဦးဆောင်တဲ့ ချင်းတောင်တန်းပေါ်က မြို့သိမ်းစစ်ဆင်ရေးတွေမှာ အညာဒေသနဲ့မြေပြန့်က တော်လှန်ရေးတပ်ဖွဲ့တွေလည်း သွားရောက်ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြရာမှာ ထိခိုက်၊ ကျဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မြို့နယ်ပေါင်း ၉ခုရှိတဲ့ ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်က တီးတိန်၊ ဟားခါးနဲ့ ထန်တလန်မြို့နယ်တွေမှာသာ လှုပ်ရှားနိုင်တော့ပြီး ကျန် ၆မြို့နယ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားတာပါ။

ဟားခါးနဲ့ ထန်တလန်မြို့ကို ဆက်လက်သိမ်းပိုက်နိုင်ရေးနဲ့ပတ်သက်လို့တော့ ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲဆိုတာ ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော် CNF/CNA နဲ့ ဆွေးနွေးသွားဖို့ရှိတယ်လို့လည်း ချင်းညီနောင်အဖွဲ့က ပြောပါတယ်။

စစ်ရေးအရ အရေးပါတဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲ အတွေ့အကြုံတွေ၊ မဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ စစ်ဆင်ရေးတွေအပါအဝင် ချင်းညီနောင်အဖွဲ့ရဲ့ စစ်ရေးရည်မှန်းချက်တွေနဲ့ပက်သက်ပြီး ချင်းညီနောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်ကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါတယ်။

တည်းဖြတ် – ကိုလှိုင်း

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles