အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

အင်းတော်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်များ အပြီးသတ်သိမ်းပိုက်

စစ်ကိုင်းတိုင်း အထက်ပိုင်း ကချင်ပြည်နယ်အစပ်က အင်းတော်မြို့ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက ၈ လ နီးပါးကြ ာတိုက်ခိုက်ပြီးနောက် ဧပြီ ၇ ရက် ညဦးပိုင်းမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပါပြီ။

စစ်ကိုင်းတိုင်း အထက်ပိုင်း ကချင်ပြည်နယ်အစပ်က အင်းတော်မြို့ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက ၈ လ နီးပါးကြ ာတိုက်ခိုက်ပြီးနောက် ဧပြီ ၇ ရက် ညဦးပိုင်းမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပါပြီ။ 

ဧပြီ ၇ရက်နေ့ ည ၈ နာရီလောက်က အင်းတော်မြို့မှာ  တစ်ခုတည်း ကျန်နေတဲ့  စစ်ကောင်စီတပ်ရဲ့ ဂျပန်လှိုဏ်ဂူကုန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်ပြီးတဲ့နောက် အင်းတော်မြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာလို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

အင်းတော်မြို့သိမ်းတိုက်ပွဲမှာ တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေဘက်ကနေ စစ်ကောင်စီတပ်ရဲ့ စစ်သုံ့ပန်း အများအပြား ဖမ်းမိခဲ့သလို  ၁၂၀ မမ ၊ ဟောင်ဝစ်ဇာ အမြောက်လက်နက်ကြီးတွေအပါအဝင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်း ရရှိထားပါတယ်။

တိုက်ပွဲဖြစ်ပွားနေစဉ်တစ်လျှောက်လုံး စစ်ကောင်စီတပ်က လေယာဉ်တွေနဲ့  ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက်ထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

သတင်း၊ တင်ဆက် -ကိုလှိုင်း




နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles