အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကယားပြည်နယ်၊ ဖရူဆိုမြို့မှ လူငယ် ၇၄ ဦးကို စစ်တပ်က ဖမ်းဆီး

ကယားပြည်နယ်၊ ဖရူဆိုမြို့တွင် လူငယ် ၇၄ ဦးကို စစ်တပ်က မြို့အဝင်စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးလိုက်ပြီး လွိုင်ကော်အကျဉ်းထောင်၌ ချုပ်နှောင်စစ်ဆေးနေသည်ဟု ဒေသခံတစ်ဦးက ယနေ့ မေ ၂ ရက်နေ့တွင် ပြောသည်။

ပြီးခဲ့သည့် ဧပြီ ၃၀၊ ည ၇ နာရီခွဲအချိန်က ကယားပြည်နယ် နေရာအနှံ့အပြားမှ လူငယ်များ ကားနှစ်စီးဖြင့် လိုက်ပါလာစဉ် ဖမ်းလိုက်ခြင်းဖြစ်ကြောင်း ၎င်းဒေသခံက ဆက်ပြောသည်။

အဆိုပါလူငယ်များမှာ ကယားပြည်နယ်ရှိ အဖွဲ့အစည်းတစ်ခုမှ ပြုလုပ်သော လူငယ်စွမ်းရည်မြှင့်တင်ရေးသင်တန်းမှ ပြန်လာကြခြင်းဖြစ်သော်လည်း စစ်သင်တန်းဆင်းများမဟုတ်ကြောင်း ပြောသည်။

“စစ်တပ်ဘက်က ဘယ်လိုသတင်းရလဲတော့ မသိဘူး။ စစ်တပ်က အမြဲတမ်းလှုပ်ရှားနေတယ်။ မြို့ထဲမှာရှိနေတာ ဒါက မမေ့သင့်တဲ့ အရာတစ်ခုပေါ့။ သတိလွတ်သလို ဖြစ်သွားတယ်လို့ ကျွန်တော်ယူဆတယ်” ဟု ၎င်းက ဆိုသည်။

အမည်မဖော်လိုသည့် လူငယ်တစ်ဦးကမူ ထိုလူငယ်တို့သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုက ပုံမှန်ပို့ချနေသည့် နွေရာသီ လူငယ်စွမ်းဆောင်ရည်မြှင့်သင်တန်းနှင့် ခေါင်းဆောင်မှုသင်တန်းများ တက်ရောက်ပြီး ပြန်လာကြခြင်းဖြစ်သည်ဟုRFA သတင်းဌာနကို ပြောပြထားသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) မှ  အထွေထွေအတွင်းရေးမှူး (၂) ခူးဒယ်နီရယ်ကမူ ၎င်းတို့အဖွဲ့က အဆိုပါ လူငယ်များကို  စစ်သင်တန်းပေးခြင်းမဟုတ်ကြောင်း၊  ပြည်နယ်ကိုယ်စားပြုအဖွဲ့အစည်းတစ်ခုက စီစဉ်သော သင်တန်းတစ်ခုသာဖြစ်ကြောင်း ကယားပြည်နယ်အခြေစိုက် ကန္တာရဝတီတိုင်းမ်သတင်းဌာနကို ယနေ့ ဖြေကြားထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button