အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဝက်လက်တွင် ဆန္ဒပြသူနှစ်ဦး ပစ်သတ်ခံရ၊ တစ်ဦး အလောင်းပြန်မရသေး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ အထွေထွေသပိတ်စတင်ရန် လူစုနေချိန် အာဏာသိမ်းစစ်တပ်က ယနေ့ (မေ ၂) နံနက်အစောပိုင်း၌ ပစ်ခတ်ဖြိုခွင်းခဲ့ရာ အမျိုးသားနှစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ကြောင်း သပိတ်တွင်ပါဝင်သည့် ဒေသခံများထံမှ သိရသည်။

အသက် ၂၂ နှစ် အရွယ် မှဲ့ထိရွာသား ကိုမင်းဇင် ကျည်ထိမှန်ပြီး နေရာမှာပင် သေဆုံးခဲ့ကာ ၎င်း၏ရုပ်အလောင်းကို  စစ်သားနှင့်ရဲများက ယူဆောင်သွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“တစ်ယောက်က အလောင်းမရဘူး။ သူတို့ ဆွဲသွားတယ်။ နောက်တစ်ယောက်က ဆေးရုံပို့မယ့်ဆဲဆဲ လက်ပေါ်မှာပဲ ဆုံးသွားတာ” ဟု ၎င်းဒေသခံက အတည်ပြုပြောသည်။

ဝက်လက်မြို့ပေါ်တွင် နေထိုင်သူ  ၄၂ နှစ်အရွယ် ဦးဇော်ဦးမှာ နောက်ကျောမှ ရင်ဘတ်သို့ ထုတ်ချင်းပေါက် ကျည်ထိခဲ့ပြီး ၎င်းကို ဆေးရုံပို့ရန် ပြင်ဆင်နေစဉ် သေဆုံးသွားခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

စစ်အာဏာရှင်အား ဆန့်ကျင်သည့် ကမ္ဘာလုံးဆိုင်ရာနွေဦးတော်လှန်ရေးနေ့အဖြစ် မေ ၂ တွင် နိုင်ငံအနှံ့မှ ဆန္ဒပြနေကြရာ ဝက်လက်မြို့သည်လည်း ပါဝင်ဆန္ဒပြရန် နာရီစင်အနီး လူစုနေစဉ် ဖြိုခွင်းခံရခြင်း ဖြစ်သည်။ 

“၈ နာရီခွဲလောက်မှာ စပစ်တာ။ အထွေထွေသပိတ် ဆန္ဒပြဖို့ လူစုတာ၊ မထွက်ခင်မှာ ရာဘာကျည် အချက်ပေါင်း မနည်းဘူး။ အဲဒါကို လူတွေက ပြိုမသွားတော့ ကျည်အစစ်နဲ့ပစ်တာ။ သေနတ်သံ ၇ ချက်၊ ၈ ချက်လောက် ကြားရတယ်” ဟု ၎င်းဒေသခံက ဆိုသည်။

ပစ်ခတ်ဖြိုခွင်းမှုကြောင့် ဒဏ်ရာရသူ ၈ ဦးကို ဆေးကုသရန် လုံခြုံသည့်နေရာသို့ ခေါ်ဆောင်သွားကြောင်း ဆန္ဒပြပွဲတွင် ပါဝင်သူများထံမှ သိရသည်။

ဖေဖော်ဝါရီ ၂၂ ရက် “၂ ငါးလုံး” ဆန္ဒပြပွဲတွင် လူဦးရေသောင်းချီစုဝေးနိုင်ခဲ့သော ဝက်လက်မြို့တွင် ယင်းနေ့နောက်ပိုင်း ပြောက်ကျားဆန္ဒပြနိုင်ခဲ့ပြီး ကျေးရွာလူထု လူအင်အားထောင်ချီဖြင့် ပြန်လည်စုဝေးသည့် ယနေ့တွင် ပစ်ခတ်ဖြိုခွင်းခံရခြင်း ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်များအရ ယမန်နေ့ (မေ ၁) အထိ စစ်ကောင်စီလက်နက်ကိုင်များက  ၇၅၉ ဦး ပစ်သတ်ခဲ့ပြီး လူ ၄၆၀၀ ခန့်ကို ထိန်းသိမ်းထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button