အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မကွေးနှင့် မိတ္ထီလာ လေတပ်စခန်းများတွင် ပေါက်ကွဲမှုများဖြစ် 

မကွေးမြို့နှင့် မိတ္ထီလာရှိ လေတပ်စခန်းဌာနချုပ်များတွင် ယနေ့ (ဧပြီ ၂၉) နံနက်ပိုင်းက ပေါက်ကွဲမှုများဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံတို့က ပြောသည်။

ယနေ့ နံနက် ၃ နာရီဝန်းကျင်၌ မကွေးမြို့ လေတပ်စခန်းဌာနချုပ်တွင် ပေါက်ကွဲသံ ၃ ချက် ကြားခဲ့ရသည်ဟု အမည်မဖော်လိုသူ မကွေးမြို့ခံတစ်ဦးက Myanmar Now ကို ပြောသည်။

“မနက် ၃ နာရီဝန်းကျင်လောက်က ပေါက်ကွဲသံအကျယ်ကြီး ၃ ချက်ကြားရတယ်။ တချို့အိမ်တွေတောင် တုန်တယ်။ (လေတပ်စခန်းနှင့် ၃ မိုင်ခန့်အကွာ) မြို့ပေါ်အထိ ကြားရတယ်” ဟု ၎င်းက ပြောသည်။ 

မကွေးလေတပ်စခန်းဌာနချုပ်အတွင်း ပေါက်ကွဲမှုကြောင့် စစ်သား ၆ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုဆိုသော်လည်း Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။  

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ပေါက်ကွဲမှုမှာ ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခံရခြင်းကြောင့် ဖြစ်နိုင်သည်ဟု တချို့က ယူဆနေကြသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မြို့အဝင်အထွက်ဂိတ်များတွင် လုံခြုံရေးတင်းကျပ်ထားပြီး လေတပ်စခန်းအနီး ကျေးရွာများနှင့် မကွေးမြို့ပေါ်ရှိ အရုဏ်ဦးအခွန်လွတ်ဈေးတွင် ရှာဖွေဖမ်းဆီးနေသည်ဟုလည်း ဒေသခံများက ဆိုသည်။ 

အလားတူ မိတ္ထီလာမြို့ ရှမ်းတဲလေတပ်စခန်းအနီးတွင်လည်း နံနက် ၅ နာရီဝန်းကျင်၌ ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“မနက် ၅ နာရီကတည်းက ပစ်နေတာ။ ငါးလုံးရှိပြီ။ ရွာပြင်မထွက်ဖို့  အုပ်ချုပ်ရေးမှူးကတစ်ဆင့် လာပြောသွားတယ်။ ကိုယ့်အိမ်ထဲမှာပဲ ကိုယ်နေကြဖို့၊ အပြင်မထွက်ဖို့ ပြောသွားတယ်။ အပိုင်းအစတွေက အိမ်နားထိကို ကျလာတာ။ အန္တရာယ်များတယ်။ ခုချိန်ထိ လူတွေထိတာတော့ မရှိသေးဘူး” ဟု ရှမ်းတဲလေတပ်စခန်းနှင့် မလှမ်းမကမ်းတွင် တည်ရှိသော  ဓမ္မကျေးရွာမှ ဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။ 

မိတ္ထီလာမြို့ပေါ်ရှိ လူဝင်မှုကြီးကြပ်ရေးရုံးနှင့် လုပ်သားရပ်ကွက်အတွင်း နာစစ်ဆပ်ဓာတ်ပုံဆိုင်အနီးတွင် ယနေ့နံနက်ပိုင်းက ပေါက်ကွဲမှုများဖြစ်ပွားခဲ့သည်ဟု မြို့ခံများက အတည်ပြုသည်။ 

“လဝကရုံးအပေါ်ထပ် ခေါင်မိုးတော့ ပွင့်သွားတယ်။ ပေါက်ကွဲသံတွေက တောက်လျှောက်ကြားနေရတာ။ လေတပ်ဘက်ရော မြို့ထဲဘက်ရော ပေါက်ကွဲမှုတွေဖြစ်နေတယ်။ ဘယ်သူ့လက်ချက်မှန်းတော့ မသိရသေးဘူး” ဟု မိတ္ထီလာဒေသခံတစ်ဦးက ပြောသည်။ 

ပေါက်ကွဲမှုများအပြီး ထိခိုက်ဒဏ်ရာရမှုနှင့် ပျက်စီးဆုံးရှုံးမှုအခြေအနေကိုမူ လတ်တလော မသိရသေးပေ။ 

ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က တိုက်ပွဲများဖြစ်ပွားနေသော ကရင်နှင့် ကချင်ပြည်နယ်တို့တွင် KNU နှင့် KIA တို့ကို လေကြောင်းမှတစ်ဆင့် ဗုံးကြဲတိုက်ခိုက်နေသည့်အတွက် ဒေသခံအရပ်သားများ ထွက်ပြေးတိမ်းရှောင်နေရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button