အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စာရေးဆရာမ တူးတူးသာ ဖမ်းဆီးခံရ

ရန်ကုန်၊ သန်လျင်မြို့တွင် နေထိုင်သူ ဒေါ်တူးတူးသာအပါအဝင် လေးဦးကို ယမန်နေ့ ဧပြီ ၂၄ ရက် ညပိုင်းတွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည်။ 

ယမန်နေ့ည ၁၀ နာရီခွဲဝန်းကျင်တွင် နေအိမ်တွင် မတူးတူးသာ၊ သားဖြစ်သူ ကိုဉာဏ်လူသစ်၊ မောင်ဖြစ်သူ ကိုရဲနောင်နှင့် သားဖြစ်သူ၏ သူငယ်ချင်း ကိုသီဟထွန်းတို့ လေးဦးကို စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များက ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။

“ညက ၁၀ နာရီခွဲလောက်မှာ ဧည့်စာရင်းစစ်မယ်ဆိုပြီးတော့ ရပ်ကွက်လူကြီးတွေရယ်၊ ရဲတွေရော၊ စစ်သားတွေရော ကားတွေနဲ့ ရောက်လာပြီးတော့ ဖမ်းသွားတာ။ လက်ရှိအချိန်အထိ အဆက်အသွယ်မရသေးဘူး” ဟု မတူးတူးသာ၏ မိတ်ဆွေတစ်ဦးက Myanmar Now ကို ပြောသည်။  

စာရေးဆရာမ တူးတူးသာသည် ယခင်က ဧရာဝတီသတင်းဌာန၏ စာတည်း၊ သန်လျင်ပို့စ်ဂျာနယ်၏ အယ်ဒီတာချုပ်အဖြစ် လုပ်ကိုင်ခဲ့သူဖြစ်ပြီး သတင်းစာပညာရပ်ဆိုင်ရာ သင်တန်းနည်းပြတစ်ဦးလည်း ဖြစ်သည်။ 

နိုင်ငံရေးသမားများ၊ စာရေးဆရာများ၊ ဒီမိုကရေစီအရေးလှုပ်ရှားသူများသည် စစ်တပ်က အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်နေ့မှစ၍ ဖမ်းဆီးခံနေရသည်။

ဧပြီ ၂၄ ရက်နေ့အထိ စစ်ကောင်စီက ဖမ်းဆီးချုပ်နှောင်ထားသူပေါင်း ၃၃၈၉ ဦး​ရှိပြီး ၇၉ ဦးကို ထောင်ဒဏ်ချမှတ်ထားကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button