အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

​မြန်မာနိုင်ငံမှ ထွက်​ပြေးလာ​​သူများကို ကာကွယ်​စောင့်​ရှောက်​ပေးရန် ကုလတာဝန်ရှိသူတိုက်တွန်း

မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်လာသူများကို အိမ်နီးချင်းနိုင်ငံများက ကာကွယ်စောင့်ရှောက်ပေးရန် လိုအပ်ကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူက ယနေ့ (ဧပြီ ၁၉) တွင် တိုက်တွန်းလိုက်သည်။ 

“ကာကွယ်ပေးဖို့ တာဝန်ရှိမှုဆိုတာဟာ အခုအတိုင်းပဲ ဆက်ဖြစ်နေမယ်ဆိုရင် ဒုက္ခသည်အကျပ်အတည်းအတွက် ပြင်ဆင်ထားဖို့ မလွဲမသွေလုပ်ရမှာပါ။ ဒီလူမဆန်တဲ့လုပ်ရပ်ကြောင့် အသက်လုထွက်ပြေးနေရတဲ့သူတွေကို အိမ်နီးချင်းနိုင်ငံတွေက ဝင်ရောက်ခွင့်ပြုဖို့ ပြည်သူတွေရဲ့ အခြေခံအခွင့်အရေးကို လေးစားရမယ်ဆိုတာကို ကျွန်တော်တို့ အသေအချာလုပ်ဖို့ လိုအပ်ပါတယ်” ဟု အထူးအစီရင်ခံစာတင်သွင်းသူ Tom Andrews က UN News နှင့် တွေ့ဆုံစဉ် ပြောသည်။

ဆက်လက်၍ ၎င်းက “နောက်ပြီး ဒုက္ခသည်တွေကို စောင့်ရှောက်ထားတဲ့ အဲဒီနိုင်ငံတွေကို နိုင်ငံတကာအသိုက်အဝန်းက ကူညီပံ့ပိုးဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။ ဒါဟာ ကာကွယ်ပေးဖို့တာဝန်ရှိမှုအတွက် လုပ်ဆောင်ရမယ့်အချက်တွေပါပဲ” ဟု ဆိုသည်။

Tom Andrews သည် မြန်မာပြည်သူလူထုကို အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းက ကာကွယ်ပေးရန်တာဝန်ရှိမှု(R2P)ကို လုပ်ဆောင်ရန် တိုက်တွန်းခဲ့ပြီး စစ်ရေးအရကြားဝင်မှုကို ထောက်ခံခြင်းမပြုခဲ့ပေ။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

လက်ရှိတွင် ရာနှင့်ချီသော မြန်မာပြည်သူများ ထိုင်းနှင့် အိန္ဒိယနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်မှုများရှိနေပြီး တစ်ဖက်နိုင်ငံများက ပြန်လည်နှင်ထုတ်မှုများ၊ လက်မခံမှုများနှင့်လည်း ရင်ဆိုင်နေရသည်။

စစ်ရေးအရထိပ်တိုက်တွေ့ဆုံမှုသည် မှားယွင်းသည့် လုပ်ဆောင်ချက်ဖြစ်နိုင်ပြီး ယခုမြင်တွေ့ရသည်ထက် ပိုမိုကြောက်မက်ဖွယ် လူမဆန်သည့် လုပ်ရပ်များကို ပိုမိုကျူးလွန်ကာ အပြစ်မဲ့ဘဝဆုံးရှုံးမှုများ သိသာစွာ တိုးမြင့်လာနိုင်ပြီး ထိုသို့စစ်ရေးအရ ထိပ်တိုက်တွေ့ဆုံမှုကို ရှောင်ရှားရမည်ဟု အထူးအစီရင်ခံစာတင်သွင်းသူ Tom Andrews က ဆိုသည်။

မြန်မာ့အရေးနှင့်ပတ်သက်၍ ကမ္ဘာ့နိုင်ငံများက ညီညွတ်စွာ၊ ရှင်းလင်းစွာ၊ အတူတကွ ချိတ်ဆက်ပြီး အရေးယူမှုများလုပ်ဆောင်ရန် လွန်စွာအရေးကြီးပြီး အာဏာသိမ်းစစ်ကောင်စီကို အထီးကျန်စေခြင်းကို တိုးမြှင့်ကာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)နှင့် ပိုမိုနီးကပ်စွာ အလုပ်လုပ်ရန်လည်း ၎င်းက တိုက်တွန်းသည်။

ထို့ပြင် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)နှင့် နိုင်ငံကို မှန်ကန်စွာ ကာကွယ်ခုခံရန် ကြိုးပမ်းနေသူများကို တိုက်ခိုက်ခြင်းထက် ပိုမိုနီးကပ်စွာ လုပ်ဆောင်ကြရန် ၎င်းက တိုက်တွန်းသည်။

ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ငြိမ်းချမ်းစွာဆန္ဒပြသူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြိုခွင်းသတ်ဖြတ်ခဲ့ရာ လူပေါင်း ၇၀၀ ကျော် သေဆုံးခဲ့ပြီး စစ်တပ်၏ အကြမ်းဖက်မှုကြောင့် လူရာပေါင်းများစွာလည်း အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကုလသမဂ္ဂ၏ ဝက်ဘ်ဆိုက်စာမျက်နှာတွင် ဖော်ပြထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button