အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မိုးကုတ်တွင် လူငယ်နှစ်ဦးကျဆုံး၊ အလောင်းကို လက်နက်ကိုင်များ သယ်ယူသွား

ယနေ့ (ဧပြီ ၁၇) တွင်  မန္တလေးတိုင်း၊ မိုးကုတ်မြို့၌ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ကြိုဆိုသည့် အောင်ချမ်းသာရပ်ကွက်အတွင်း ပြောက်ကျားလှုပ်ရှားမှုတွင် ပစ်သတ်ခံရသူနှစ်ဦးကို စစ်ကောင်စီလက်နက်ကိုင်များ သယ်ယူသွားကြောင်း ဒေသခံများထံမှ သိရသည်။

လက်နက်ကိုင်အင်အား တစ်ရာခန့်ရှိနိုင်ကြောင်း၊ ကွယ်လွန်သူနှစ်ဦးစလုံးမှာ အသက် ၂၀ ကျော်အရွယ် အမျိုးသားများဖြစ်ကြောင်း သပိတ်တွင် ပါဝင်ခဲ့သူ ဒေသခံတစ်ဦးက ပြောသည်။

“ခေါင်းထိတာတစ်ယောက်၊ ဗိုက်ထိတာတစ်ယောက်။ ခုထိ ပစ်နေတုန်းဗျ၊ နှစ်ယောက်ကျတာ confirm (အတည်ပြုနိုင်ပါတယ်) ဗျ” ဟု ၎င်းက ယနေ့ မွန်းလွဲပိုင်းတွင် ပြောသည်။

ရုပ်အလောင်းနှစ်ခုကို ရဲများက ၎င်းတို့တပ်စွဲထားရာ ချမ်းသာကြီးဘုရားအနီးသို့ လက်တွန်းလှည်းဖြင့် သယ်သွားကြောင်း၊ ယင်းမှတစ်ဆင့် လူနာတင်ယာဉ်ဖြင့် မိုးကုတ်ပြည်သူ့ဆေးရုံဘက်သို့ သယ်ဆောင်သွားသည်ကို တွေ့ရကြောင်း ၎င်းကဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ကျတဲ့သူနှစ်ယောက်ကို သွားကောက်ကြမယ့်သူတွေကို သူတို့က လှမ်းပစ်တာဗျ။ အဲဒါ သွားကောက်လို့မရဘူး” ဟု ၎င်းကဆိုသည်။

ခြေထောက်နှင့် ပေါင်တွင် ထိခိုက်ဒဏ်ရာရသူနှစ်ဦးကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက လူနာတင်ယာဉ်ဖြင့် ခေါ်ဆောင်သွားကြောင်း အခြားဒေသခံတစ်ဦးက ပြောသည်။ 

ယနေ့ နံနက် ၁၁ နာရီခန့်တွင် မိုးကုတ်ဒေသခံတစ်ထောင်ခန့်က အမျိုးသားညီညွတ်ရေးအစိုးရကို ကြိုဆိုထောက်ခံကြောင်း ပြောက်ကျားလှုပ်ရှားမှုကို စတင်ခဲ့ပြီး ၄၅ မိနစ်အကြာတွင် ဝင်ရောက်ဖြိုခွင်းခြင်းခံရသည်။

‘အသေပဲလိုချင်တယ်၊ ကြားတယ်နော်၊ ငါးယောက်’ ဟု စစ်ကောင်စီ လက်နက်ကိုင်တစ်ဦးက အမိန့်ပေးသံဖြင့် ခြိမ်းခြောက်ပြောဆိုသည့်နောက်တွင် အခြားလက်နက်ကိုင်တစ်ဦးက ‘ဟုတ်’ ဟု ပြန်ဖြေခဲ့သည်ကို ဒေသခံတစ်ဦးပေးပို့လာသည့် ဗီဒီယိုဖိုင်အရ သိရသည်။

မိုးကုတ်ပစ်ခတ်မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ခြင်း မရှိသေးသကဲ့သို့ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်တုံ့ပြန်ခြင်း မရှိသေးပေ။

မိုးကုတ်မြို့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွင် ပစ်ခတ်ခံရမှုကြောင့် ယနေ့ထိ အနည်းဆုံး ၁၀ ဦး ကျဆုံးခဲ့သော်လည်း ဒီမိုကရေစီလိုလားသည့် ဒေသခံများက နေ့စဉ် ဆန္ဒပြလှုပ်ရှား အန်တုလျက်ရှိကြသည်။

မိုးကုတ်ဝန်းကျင်တွင် TNLA တအာန်း/ပလောင် လက်နက်ကိုင်အဖွဲ့ လှုပ်ရှားနေသည်။ သို့သော်လည်း ပြီးခဲ့သည့်ရက်ပိုင်း မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုမှာ KIA ကချင်လက်နက်ကိုင်အဖွဲ့က စစ်ကောင်စီတပ်ကို တိုက်ခိုက်ခြင်းဖြစ်သည်ဟု သိရသည်။

ထိုသတင်းထွက်ပေါ်ပြီးနောက်ပိုင်းတွင် ဒေသခံလူငယ်တချို့က KIA ကို ကြိုဆိုကြောင်း အွန်လိုင်းတွင် ရေးသားထုတ်ဖော်ခဲ့ကြသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles