အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မန္တလေးရှိ စာသင်တိုက်ကြီးများ ဝင်ရောက်စီးနင်းခံရ 

မန္တလေးမြို့ရှိ မစိုးရိမ်တိုက်ဟောင်းနှင့် ဝိသုဒ္ဓါရုံ ပရိယတ္တိစာသင်တိုက်ကြီးများကို ယနေ့ (ဧပြီ ၁၅) ညပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီလက်နက်ကိုင်များက ဝင်ရောက်စီးနင်းကာ ကျောင်းတိုက်တွင်နေထိုင်သူအချို့ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ 

စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးခဲ့ရသော အနယ်နယ်အရပ်ရပ်မှ ပြည်သူများအတွက် ညစဉ် ဖယောင်းတိုင်ထွန်းကာ ဆုတောင်းပွဲကျင်းပသော အဆိုပါ စာသင်တိုက်ကြီးများတွင် ယနေ့ညပိုင်း၌ ဖယောင်းတိုင်ထွန်းကာ ဆုတောင်းပွဲအပြီး ထိုကဲ့သို့ စီးနင်းခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိခဲ့ရသူ ဆရာတော်တစ်ပါးက Myanmar Now ကို မိန့်သည်။ 

စစ်ကောင်စီတပ်က ကားအစီးရေ ၁၀ စီးကျော်၊ အင်အား ၅၀ ကျော်ခန့်ဖြင့် မစိုးရိမ်တိုက်ဟောင်းကျောင်းတိုက်အတွင်းရှိ တိုင်းသံဃနာယကရုံးခန်းတံခါးကို ဖွင့်ကာ စီးနင်းရှာဖွေခဲ့သည်ဟု သိရသည်။ 

“တိုက်ဟောင်းထဲကတော့ ကပ္ပိယကလေးနှစ်ယောက်ကို ဖမ်းသွားတယ်။ ဆုတောင်းပွဲမှာလည်း သူတို့ဘာသာ ကျောင်းမှာ ဝေယျာဝစ္စလုပ်နေတဲ့ကလေးတွေ၊ တစ်ယောက်ဆို အိမ်သာတက်နေရာကအထွက် ဖမ်းခံလိုက်ရတာ” ဟု မန္တလေးသံဃသမဂ္ဂအဖွဲ့ဝင် ဆရာတော်တစ်ပါးက မိန့်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မစိုးရိမ်တိုက်ဟောင်းမှ ဖမ်းဆီးခံရသူနှစ်ဦးမှာ အသက်၂၉ နှစ်အရွယ်နှင့် အသက် ၃၀ ကျော်အရွယ် ကျောင်းတွင်နေထိုင်သူများဖြစ်ကြောင်း သိရသည်။ 

ထို့နောက် မစိုးရိမ်တိုက်ဟောင်းနှင့် ကပ်လျက်ရှိသော ဝိသုဒ္ဓါရုံစာသင်တိုက်ကိုလည်း စီးနင်းရှာဖွေခဲ့ကာ ညပိုင်း လာရောက်ဆုတောင်းဝန်းရံသော ရပ်ကွက်နေပြည်သူများကိုလည်း အသံဗုံးဖောက် ဟန့်တားခဲ့ပြီး ဖမ်းဆီးခံရသူများလည်း ရှိကြောင်း သိရသည်။ 

လတ်တလောတွင် ဝိသုဒ္ဓါရုံကျောင်းတိုက်မှ ဖမ်းဆီးခံရသူစာရင်းကိုမူ မသိရသေးကြောင်း မန္တလေးသံဃသမဂ္ဂအဖွဲ့ဝင် ဆရာတော်က မိန့်သည်။

မန္တလေးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး နေ့စဉ်ဆန္ဒပြသပိတ်စစ်ကြောင်းများတွင် မြို့ခံရဟန်းသံဃာများလည်း ပါဝင်ကြသည်။ စစ်ကောင်စီ၏ အကြိမ်ကြိမ်ခြိမ်းခြောက်မှုများ၊ ဖြိုခွင်းမှုများရှိသော်လည်း မန္တလေးသံဃသမဂ္ဂစစ်ကြောင်းက စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြနေသည်မှာ ရက်ပေါင်း ၆၀ ကျော်ပြီဖြစ်သည်။ 

သံဃသမဂ္ဂအဖွဲ့ဝင်ဆရာတော်က “ဒီကောင်တွေရဲ့ယုတ်မာမှုက နှိုင်းစရာမရှိတော့ဘူးလေ။ ဒီထက်ပြောဖို့ကလည်း ရဟန်းဆိုတော့ ဝိနည်းထိန်းနေရတယ်။ ပြည်သူတွေကို သတ်ဖြတ်၊ ဥပဒေမဲ့လုပ်ရပ်တွေကို ကမ္ဘာက အသိပါ” ဟု မိန့်သည်။

“ဦးဇင်းတို့ကို ခုလိုတွေ ခြိမ်းခြောက်လို့ ရပ်တန့်သွားဖို့ မရှိဘူး။ နောက်မျိုးဆက်တွေမှာ ခုလို လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ မရှိအောင် ဦးဇင်းတို့ တိုက်ပွဲဝင်သွားမယ်” ဟု ဆရာတော်က ဆက်မိန့်သည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles