အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မကွေးထောင်တွင် နှိပ်စက်ခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားအများအပြား ဆေးကုသခွင့်မရ

နှိပ်စက်ခံရသူများအနက် မင်းဘူး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်းနှင့် ကိုဖြိုးဆိုသူအပါဝင် နိုင်ကျဉ်း ၂၀၀ ခန့်မှာ ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရသည်ဟု PPNMက ဆိုသည်။

မြန်မာနိုင်ငံအလယ်ပိုင်း မကွေးအကျဥ်းထောင်တွင် ဖမ်းဆီးချုပ်နှောင်ခံထားရသည့် ရာနှင့်ချီသော နိုင်ငံရေးအကျဥ်းသားများ ထောင်အာဏာပိုင်များ၏ ရိုက်နှက်နှိပ်စက်ခြင်းကို ခံထားရပြီးနောက် လိုအပ်သည့် ဆေးကုသခွင့်များ ဆုံးရှုံးနေကြောင်း သိရှိရသည်။

လွန််ခဲ့သည့် ဧပြီလ ၁၃ ရက်နေ့တွင် မကွေးအကျဉ်းထောင်ရှိ စစ်ကောင်စီစစ်သားများကို တော်လှန်ရေးအင်အားစုများ၏ နယ်မြေခံကာကွယ် ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ရာ နှစ်ဖက်တိုက်ပွဲများဖြစ်ပွားခဲ့သည်။ အဆိုပါနှစ်ဖက်တိုက်ပွဲအတွင်း အကျဥ်းထောင်တွင်းရှိ နိုင်ငံရေးအကျဥ်းသားနှစ်ဦးသေဆုံးခဲ့ပြီး၊ ၎င်းတို့အနက်တစ်ဦးမှာ ကိုစောရွှေအောင်ဖြစ်ကြောင်း သိရှိရသည်။ 

တော်လှန်ရေးတပ်များနှင့် အကျဥ်းထောင်လုံခြုံရေးယူထားသည့် စစ်ကောင်စီအဖွဲ့ဝင်များ နှစ်ဖက် တိုက်ခိုက်မှုအတွင်း ထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသားများ ပူးပေါင်းပါဝင်သည်ဟု ထောင်အာဏာပိုင်များက စွပ်စွဲ၍ အကျဥ်းသား စုစုပေါင်း ၄၀၀ ခန့်ကို ရိုက်နှက်နှိပ်စက်ခံခဲ့ရကြောင်းနှင့် ၎င်းအကျဥ်းသားများသည် ခါး၊ ခြေထောက်၊ တင်ပါးတို့တွင် ရိုက်နှက်ခဲ့သည့် ဒဏ်ရာ၊ သေနတ်ဒဏ်ရာများရရှိခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ယနေ့ (မေ ၂၇) တွင် ထုတ်ပြန်ထားသည်။ 

နှိပ်စက်ခံခဲ့ရသည့် အကျဉ်းသားများအနက် မင်းဘူး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်းနှင့် ကိုဖြိုးဆိုသူအပါဝင် နိုင်ငံရေးအကျဉ်းသား ၂၀၀ ခန့်မှာ ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရသည်ဟု PPNMက ဆိုသည်။ 

ထောင်အာဏာပိုင်များသည် တိုက်ခိုက်မှုဖြစ်စဉ်ပြီး တစ်လကျော်ကြာသည့်တိုင် ဒဏ်ရာရအကျဉ်းသားများအား ဆေးကုသခွင့်မပေးသေးသည့်အပြင် နိုင်ကျဉ်းအများစုကို တိုက်ပိတ်အရေးယူထားသည်ဟု PPNMက ဆိုသည်။ 

ထို့အပြင် နိုင်ငံရေးအကျဉ်းသား ၃၀ ထက်မနည်းမှာ ထောင်ဝင်စာ ပါဆယ်ပို့ ခွင့် ပိတ်ပင်ခံ ထားရဆဲဖြစ်သည်ဟု  အကျဉ်းချခံထားရသည့် လွှတ်တော်ကိုယ်စားလှယ်၏ မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“သံခြေကျင်းပြန်ခတ်ခံထားရတယ်။ သင်္ကြန်ပြီးကတည်းက ထောင်ဝင်စာပိတ်ခံထားရတာ။ အရင်က ၂ ပတ်တစ်ခါပေး ရတာ။ စားတာသောက်တာ အဆင်မပြေလှဘူးပေါ့။ အရင်ကတော့ နှစ်ပတ်တစ်ခါ ပို့ပေးရတာ” ဟု အထက်ပါ သတင်းအရင်းမြစ်က ပြောသည်။

Related Articles

Back to top button