တစ်နာရီ ၁၃၅ မိုင်နှုန်းဖြင့် တိုက်ခတ်ခဲ့သည့် မုန်တိုင်းကြောင့် အမြစ်ကျွတ်ထွက်သွားသည့် သက်တမ်းရင့် သစ်ပင်တစ်ပင်။ (ဓာတ်ပုံ - AFP)
မုန်တိုင်းကြောင့် နေအိမ်များ ပြားပြားဝပ်သွားသည့် ဧရာဝတီတိုင်း လပ္ပတ္တာမြို့နယ်ရှိ ရွာတစ်ရွာကို အပေါ်စီးမှ မြင်ရပုံ။ (ဓာတ်ပုံ - AFP)
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအတည်ပြုရန်သာ နအဖ စစ်အစိုးရက လုံးပမ်းနေခဲ့ပြီး မုန်တိုင်းဒဏ်သင့် ပြည်သူသိန်းနှင့်ချီ အိုးအိမ်မဲ့ခဲ့ရသည်။ (ဓာတ်ပုံ - AFP)
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအတည်ပြုရန်သာ နအဖ စစ်အစိုးရက လုံးပမ်းနေခဲ့ရာ နိုင်ငံတကာ အကူအညီများရောက်ရှိမှု နှေးကွေးပြီး မုန်တိုင်းဒဏ်သင့်ပြည်သူများ စားသောက်ရန်ပင် ရိက္ခာ မရှိခဲ့ပေ။ (ဓာတ်ပုံ - AFP)
မုန်တိုင်းကြောင့် အိုးအိမ်ပျက်စီးသွားသည့် ဧရာဝတီတိုင်း လပ္ပတ္တာမြို့နယ်မှ ဒေသခံမိသားတစ်စု။ (ဓာတ်ပုံ - AFP)
မုန်တိုင်းကြောင့် အိုးအိမ်ပျက်စီးသွားသည့် ဧရာဝတီတိုင်း လပ္ပတ္တာမြို့နယ်မှ ဒေသခံမိသားတစ်စု။ (ဓာတ်ပုံ - AFP)
မုန်တိုင်းကြောင့် အိုးအိမ်ပျက်စီးသွားသည့် ဧရာဝတီတိုင်း လပ္ပတ္တာမြို့နယ်မှ လေဘေး ဒုက္ခသည်များ − (ဓာတ်ပုံ - AFP)
မုန်တိုင်းကြောင့် အိုးအိမ်ပျက်စီးသွားသည့် ဧရာဝတီတိုင်း လပ္ပတ္တာမြို့နယ် ရွာတစ်ရွာမှ နေအိမ်များ (ဓာတ်ပုံ - AFP)
မုန်တိုင်းကြောင့် အိုးအိမ်ပျက်စီး ဆန်ကဲ့သို့သော ရိက္ခာများ မိုးမိပျက်စီးသွားခြင်းကြောင့် လေဘေးသင့် သူများ ရိက္ခာ အခက်အခဲရှိခဲ့ပြီး အကူအညီတောင်းခံနေပုံ။ (ဓာတ်ပုံ - AFP)
နအဖ စစ်အစိုးရက လေဘေးမှပြန်လည်ထူထောင်ရေး လျစ်လျူရှုထားခြင်းကြောင့် ဖြစ်သလို တဲထိုးနေရသည့် လေဘေးသင့် မိသားစု။ (ဓာတ်ပုံ - AFP)
လေဘေးကြောင့် ပြည်သူများ ဒုက္ခပင်လည်ဝေနေသော်လည်း နအဖ စစ်အစိုးရက ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုနိုင်ရန် ဤသို့ကြိုးပမ်းခဲ့သည်။ (ဓာတ်ပုံ - AFP)
လေဘေးကြောင့် ပြည်သူများ ဒုက္ခပင်လည်ဝေနေသော်လည်း နအဖ စစ်အစိုးရက ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုနိုင်ရန် ဤသို့ကြိုးပမ်းခဲ့သည်။ (ဓာတ်ပုံ - AFP)
လေဘေးကြောင့် ပျက်စီးသွားသည့် အပျက်အစီးများကို ၂၀၀၈ ခုနှစ် မေလ ဒုတိယပတ်အတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ - AFP)
လေဘေးကြောင့် သေဆုံးသွားသူများ၏ ရုပ်အလောင်းအချို့။ (ဓာတ်ပုံ - AFP)
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲတွင် မဲပေးနေသည့် နအဖ ခေါင်းဆောင် ဦးသန်းရွှေ၏ဇနီး ဒေါ်ကြိုင်ကြိုင်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲတွင် မဲပေးနေသည့် နအဖ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မောင်အေးနှင့် ဇနီး။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲတွင် မဲပေးနေသည့် နအဖ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ။
၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့တွင် တိုက်ခတ်ခဲ့သည့် နာဂစ် မုန်တိုင်းသည် ယနေ့တွင် ၁၇ နှစ်ပြည့်ခဲ့ပြီဖြစ်သည်။ မြန်မာနိုင်ငံ သဘာဝဘေးသမိုင်းတွင် လူအသေအပျောက်အများဆုံး၊ ပျက်စီးဆုံးရှုံးမှုတန်ဖိုး အမြင့်ဆုံးဖြစ်ခဲ့သည့် မုန်တိုင်းဒဏ် ပြည်သူတို့ ခံခဲ့ရမှု မြင်ကွင်းများကို ပြန်လည်ဖော်ပြပေးလိုက်ပါသည်။
နာဂစ် မုန်တိုင်းကြောင့် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းတို့မှ လူပေါင်း ၁၃၈,၃၇၃ ဦး အသေအပျောက် ရှိခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော်ရှိခဲ့သည်။ ထိုအချိန်တွင် အာဏာရှင်ဟောင်း ဦးသန်းရွှေဦးဆောင်သည့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) စစ်အစိုးရသည် မုန်တိုင်းဒဏ်သင့် ပြည်သူများပြန်လည်ထူထောင်ရေးအစား ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုနိုင်ရေးအတွက်သာ လုံ့လစိုက်ခဲ့ကြောင်း ထိုစဉ်က ၎င်းတို့ ထုတ်ဝေသည့် သတင်းစာများတွင် တွေ့မြင်ရသည်။
နာဂစ် မုန်တိုင်းဖြစ်ပြီး တစ်ပတ်အကြာ မုန်တိုင်းအတွင်း သေဆုံးသွားသူများ၏ ရက်လည်နေ့ဖြစ်သော မေလ ၁၀ ရက်နေ့တွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုခဲ့ကြသည်။ နှောင်းလူများက ထိုအခြေခံဥပဒေကို နာဂစ်အခြေခံဥပဒေဟု ခေါ်ဝေါ်လာခဲ့ကြသည်။
ထိုစဉ်က နအဖ စစ်အစိုးရ ထိန်းချုပ်ထားသည့် သတင်းစာများတွင် အခြေခံဥပဒေ အတည်ပြုနိုင်ရေး မဲပေးကြရန် အကြီးအကျယ်ဝါဒဖြန့်ခဲ့ကြပြီး မုန်တိုင်းတိုက်ခတ်မည့် သတင်းကို မှေးမှိန်ထားခြင်းကြောင့် လူပေါင်းသိန်းနှင့်ချီ အသက်ဆုံးရှုံးခဲ့ရသည်။
နအဖခေါင်းဆောင်များသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုရေးကိုသာ လုံးပမ်းနေပြီး နိုင်ငံတကာအကူအညီများ ဝင်ရောက်ခွင့်ပြုရန် တုံ့ဆိုင်းနေခဲ့သည်ဟု ရန်ကုန်ရှိ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်၊ အမေရိကန်သံရုံး အကြီးအကဲအဖြစ် တာဝန်ကျခဲ့သူတို့က Myanmar Now ကို ပြောသည်။
“အဲဒီအချိန်မှာ အစိုးရက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လူထုဆန္ဒခံယူပွဲအတွက် ပြင်ဆင်မှုတွေ ပေါ့ပေါ့ပါးပါးပဲ ဆက်လုပ်နေခဲ့တယ်။ သိတဲ့အတိုင်းပဲ၊ ဒါက အတော်လေးကို အံ့ဩစရာကောင်းခဲ့ပါတယ်။ ဒါကြောင့် နိုင်ငံတကာအကူအညီတွေ ဝင်ရောက်ဖို့ လုပ်ငန်းစဉ်က အရမ်း နှေးကွေးခဲ့တယ်” ဟု ထိုစဉ်က ဗြိတိန်သံအမတ်ကြီး ဖြစ်ခဲ့သူ Mark Canning က ပြောသည်။
နာဂစ် မုန်တိုင်းတိုက်ခတ်စဉ်နှင့် ပြီးခဲ့သည် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ဘေးတို့ကို လျစ်လျူရှုပြီး အာဏာတည်မြဲရေးသာ ကြိုးပမ်းခဲ့၊ ကြိုးပမ်းဆဲ စစ်အာဏာရှင်များ၏ လောဘ ဆောင်းပါးကိုလည်း ဖတ်ရှုနိုင်သည်။ https://myanmar-now.org/mm/news/63230/