အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဓာတ်ပုံအက်ဆေး

လူတစ်သိန်းကျော် သေစေခဲ့သည့် နာဂစ်မုန်တိုင်းကြီး ၁၇ နှစ်တိုင်ခဲ့ပြီ

၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့တွင် တိုက်ခတ်ခဲ့သည့် နာဂစ်  မုန်တိုင်းသည် ယနေ့တွင် ၁၇ နှစ်ပြည့်ခဲ့ပြီဖြစ်သည်။ မြန်မာနိုင်ငံ သဘာဝဘေးသမိုင်းတွင် လူအသေအပျောက်အများဆုံး၊ ပျက်စီးဆုံးရှုံးမှုတန်ဖိုး အမြင့်ဆုံးဖြစ်ခဲ့သည့် မုန်တိုင်းဒဏ် ပြည်သူတို့ ခံခဲ့ရမှု မြင်ကွင်းများကို ပြန်လည်ဖော်ပြပေးလိုက်ပါသည်။

နာဂစ် မုန်တိုင်းကြောင့် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းတို့မှ လူပေါင်း ၁၃၈,၃၇၃ ဦး  အသေအပျောက် ရှိခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော်ရှိခဲ့သည်။ ထိုအချိန်တွင် အာဏာရှင်ဟောင်း ဦးသန်းရွှေဦးဆောင်သည့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) စစ်အစိုးရသည် မုန်တိုင်းဒဏ်သင့် ပြည်သူများပြန်လည်ထူထောင်ရေးအစား ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုနိုင်ရေးအတွက်သာ လုံ့လစိုက်ခဲ့ကြောင်း ထိုစဉ်က ၎င်းတို့ ထုတ်ဝေသည့် သတင်းစာများတွင် တွေ့မြင်ရသည်။

နာဂစ် မုန်တိုင်းဖြစ်ပြီး တစ်ပတ်အကြာ မုန်တိုင်းအတွင်း သေဆုံးသွားသူများ၏ ရက်လည်နေ့ဖြစ်သော မေလ ၁၀ ရက်နေ့တွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုခဲ့ကြသည်။ နှောင်းလူများက ထိုအခြေခံဥပဒေကို နာဂစ်အခြေခံဥပဒေဟု ခေါ်ဝေါ်လာခဲ့ကြသည်။

ထိုစဉ်က နအဖ စစ်အစိုးရ ထိန်းချုပ်ထားသည့် သတင်းစာများတွင်  အခြေခံဥပဒေ အတည်ပြုနိုင်ရေး မဲပေးကြရန် အကြီးအကျယ်ဝါဒဖြန့်ခဲ့ကြပြီး မုန်တိုင်းတိုက်ခတ်မည့် သတင်းကို မှေးမှိန်ထားခြင်းကြောင့် လူပေါင်းသိန်းနှင့်ချီ အသက်ဆုံးရှုံးခဲ့ရသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နအဖခေါင်းဆောင်များသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုရေးကိုသာ လုံးပမ်းနေပြီး နိုင်ငံတကာအကူအညီများ ဝင်ရောက်ခွင့်ပြုရန် တုံ့ဆိုင်းနေခဲ့သည်ဟု   ရန်ကုန်ရှိ  မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်၊ အမေရိကန်သံရုံး အကြီးအကဲအဖြစ် တာဝန်ကျခဲ့သူတို့က Myanmar Now ကို ပြောသည်။

“အဲဒီအချိန်မှာ အစိုးရက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လူထုဆန္ဒခံယူပွဲအတွက် ပြင်ဆင်မှုတွေ ပေါ့ပေါ့ပါးပါးပဲ ဆက်လုပ်နေခဲ့တယ်။ သိတဲ့အတိုင်းပဲ၊ ဒါက အတော်လေးကို အံ့ဩစရာကောင်းခဲ့ပါတယ်။ ဒါကြောင့် နိုင်ငံတကာအကူအညီတွေ ဝင်ရောက်ဖို့ လုပ်ငန်းစဉ်က အရမ်း နှေးကွေးခဲ့တယ်” ဟု ထိုစဉ်က  ဗြိတိန်သံအမတ်ကြီး ဖြစ်ခဲ့သူ Mark Canning က ပြောသည်။
နာဂစ် မုန်တိုင်းတိုက်ခတ်စဉ်နှင့် ပြီးခဲ့သည် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ဘေးတို့ကို လျစ်လျူရှုပြီး အာဏာတည်မြဲရေးသာ ကြိုးပမ်းခဲ့၊ ကြိုးပမ်းဆဲ စစ်အာဏာရှင်များ၏ လောဘ ဆောင်းပါးကိုလည်း ဖတ်ရှုနိုင်သည်။ https://myanmar-now.org/mm/news/63230/

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။