အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အာရှတော်ဝင်ဆေးရုံအတွင်း စစ်ကောင်စီလက်နက်ကိုင်များ ဝင်ရောက်ပစ်ခတ်

စစ်ကောင်စီလက်နက်ကိုင်များ ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ဗဟိုလမ်းပေါ်ရှိ အာရှတော်ဝင်ဆေးရုံအတွင်း ယနေ့ ဝင်ရောက်ပစ်ခတ်ခဲ့၍ ဆေးရုံဝန်ထမ်းတစ်ဦး ဒဏ်ရာရခဲ့သည်။

ယနေ့ မတ် ၂၈ နေ့လယ် တစ်နာရီခန့်အချိန်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဆန္ဒပြလူငယ်များကို လိုက်လံပစ်ခတ်ခဲ့ရာ လူငယ်များက ဆေးရုံအတွင်းသို့ ဝင်ပြေးစဉ် ဆေးရုံဝန်ထမ်းတစ်ဦး အပစ်ခံရခြင်းဖြစ်သည်။

အဆိုပါဆေးရုံဝန်ထမ်းသည် ခြေထောက်ဒဏ်ရာရခဲ့ကြောင်း ဆေးရုံတွင် ရောက်ရှိနေသည့် လူနာရှင်တစ်ဦးက Myanmar Now ကို ပြောသည်။

“၁၂ နာရီ ၅၅ မှာ ဖြစ်သွားတာပါ။ ဆေးရုံရဲ့ အရေးပေါ်ထွက်ပေါက်လမ်းကနေပြီးတော့ ကလေးတွေက တက်ပြေးတာ ။ အဲဒါကို M&E ဝန်ထမ်းက သူ့ရဲ့အလုပ်ချိန်ပြီးတော့ အဝတ်လဲပြီး ပြန်ခါနီးမှာ သူ့ကိုပါ လူမှားပစ်တာ” ဟု အဆိုပါ လူနာရှင်တစ်ဦးက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ပစ်ခတ်မှုဖြစ်ပွားရာနေရာသည် နှလုံးရောဂါသည်များ ဆေးခန်းလာပြသည့် ပြင်ပလူနာဌာနအနီးတွင်ဖြစ်ပြီး လူနာများ အထိတ်တလန့်ဖြစ်ကာ နေရာရွှေ့ပြောင်းပေးခဲ့ရသည်ဟု ၎င်းက ပြောသည်။

“အသံက အရမ်းကျယ်လွန်းတော့ ကျွန်တော့်အမျိုးသမီး နှလုံးရောဂါသည် ရင်တွေ တော်တော်တုန်သွားတယ်။  ဆေးရုံမှာလာပြတဲ့ လူနာအားလုံးလည်း တော်တော်လန့်သွားတယ်” ဟု ၎င်းက ဆိုသည်။

မွန်းလွဲပိုင်း တစ်နာရီခွဲခန့်အထိ ဆေးရုံမြေညီထပ်တွင် ရဲသုံးဦး စောင့်ကြပ်နေပြီး ဆေးရုံရှေ့တွင်လည်း စစ်သားများ ပိတ်ဆို့ထားကြောင်း သိရသည်။ 

ပြီးခဲ့သည့် မတ် ၁၈ ရက် ညပိုင်းတွင်လည်း စစ်ကောင်စီလက်နက်ကိုင်များသည် ရန်ကုန်မြို့ အလုံမြို့နယ်ရှိ အကယ်ဒမီဆေးရုံအတွင်း ဝင်ရောက်ကာ လူနာခန်းများကို ရှာဖွေမွှေနှောက်သွားခဲ့ကြောင်း ဆေးရုံနှင့် နီးစပ်သူများထံမှ သိရသည်။

ထိုမတိုင်ခင်တွင်လည်း ဗဟန်း ရွှေဂုံတိုင်ရှိ SSC ဆေးရုံအနီး Women Center ပြတင်းပေါက်မှန်များကို ပစ်ခတ်ခဲ့ပြီး မတ်လဆန်းပိုင်းတွင် မြောက်ဥက္ကလာရှိ ရွှေလမင်းဆေးရုံကိုလည်း ရာဘာကျည်ဖြင့် ပစ်ခတ်ခဲ့သည်။

လက်ရှိတွင် စစ်ကောင်စီလက်နက်ကိုင်များသည် ပြည်သူ့ဆေးရုံများ၊ စာသင်ကျောင်းများတွင် တပ်စွဲမှုများရှိနေပြီး လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များ၊ ဆေးကုသပေးနေသည့် CDM ဆရာဝန်များနှင့် ရန်ပြုတိုက်ခိုက်ဖမ်းဆီးမှုများ ပြုလုပ်နေသည်။

အာဏာသိမ်းပြီး ဖေဖော်ဝါရီ ၁ ရက်မှာစ၍ ယနေ့အထိ နှစ်လနီးပါးအတွင်း စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့များ၏ အကြမ်းဖက်ပစ်ခတ်နှိမ်နင်းမှုကြောင့် အရပ်သား ၄၂၃ ဦး သေဆုံးပြီး ၂၄၀၀ ကျော် အဖမ်းခံခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP မှ မတ် ၂၇ အထိ ထုတ်ပြန်ထားသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button