အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရန်ကုန်မြို့နယ်အချို့တွင် ဧည့်စာရင်းတိုင်ရန် ဖိအားပေးနေ  

အာဏာသိမ်းစစ်ကောင်စီက ဧည့်စာရင်းဥပဒေထုတ်ပြန်ပြီး တစ်လကျော်အကြာတွင် ရန်ကုန်ရှိ မြို့နယ်အချို့၌ ဧည့်စာရင်းတိုင်ကြားရန် ဖိအားပေးနေပြီဖြစ်သည်။

ယမန်နေ့ (မတ် ၂၁) မှစ၍ လှိုင်သာယာ၊ ရွှေပြည်သာနှင့် သင်္ဃန်းကျွန်းမြို့နယ်ရှိ အချို့ရပ်ကွက်များတွင် အုပ်ချုပ်ရေးမှူးရုံးများ၌ ဧည့်စာရင်းတိုင်ကြားနေရကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရသည်။

စစ်အုပ်ချုပ်ရေးကြေညာထားသည့် လှိုင်သာယာနှင့် ရွှေပြည်သာမြို့နယ်များတွင် စစ်ကောင်စီ၏ ဖိအားပေးမှုများကြောင့် ဧည့်စာရင်းတိုင်နေရပြီဖြစ်သည်။

“အဓိက လက်ခံလိုက်တာက ကျွန်တော်တို့လူ ထပ်မကျဖို့နဲ့ လူမထိခိုက်အောင်ပါ သဘောတူတာ မဟုတ်ပါ” ဟု ဧည့်စာရင်းတိုင်ခဲ့သူ လှိုင်သာယာမြို့ခံတစ်ဦးက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့များ၏ ဖိနှိပ်မှုကြောင့် မတ်လ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ရွှေ့ပြောင်းလုပ်သားအများစု အစုလိုက်အပြုံလိုက် လှိုင်သာယာမြို့နယ်ကို စွန့်ခွာကာ နယ်ပြန်ခဲ့ကြသည်။ 

“လူငယ်တွေ အခုမရှိတော့ဘူး။ ပြေးကုန်ကြပြီ။ ပေါ်တာဆွဲခံရမှာ ကြောက်ကြတာလည်းပါမှာပေါ့။ ရပ်ကွက်က လက်မခံပါဘူး။ ဒါပေမဲ့ စစ်တပ်ရှိနေတဲ့အချိန် သေနတ်ကြောက်ရတော့ သူတို့ဘာမှ ပြောလို့မရဘူး” ဟု နောက်ထပ် လှိုင်သာယာဒေသခံတစ်ဦးက ဆိုသည်။

ဖေဖော်ဝါရီ ၂၄ ရက်တွင် လှိုင်သာယာအနောက်ပိုင်း ကုလားကြီးစုကျေးရွာတွင် စစ်ကောင်စီက အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်သော ပြည်ခိုင်ဖြိုးပါတီဝင် ဦးကျော်ငြိမ်းကို ရပ်ကွက်နေပြည်သူများ ကန့်ကွက်ခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောသည်။

“သူက အုပ်ချုပ်ရေးမှူးလုပ်မလို့ လူမိုက်တွေခေါ်ပြီး ရပ်ကွက်ထဲလာတာ ရပ်ကွက်ကလူတွေနဲ့ အချေအတင်ဖြစ်လို့ ထွက်ပြေးသွားခဲ့ပြီး အခု စစ်တပ်နဲ့ ပြန်အထိုင်ချလာတယ်” ဟု ၎င်းက ဆိုသည်။

စစ်အုပ်ချုပ်ရေးကြေညာထားသည့် ရွှေပြည်သာမြို့နယ်တွင် ယမန်နေ့မှစ၍ ဧည့်စာရင်းတိုင်ခိုင်းကြောင်း၊ တိုင်ကြားရာတွင် အိမ်ရှင်နှင့် ဧည့်သည်၏ အချက်အလက်များအပြင် ပတ်စ်ပို့ဓာတ်ပုံများပါ ပေးရသည်ဟု ရွှေပြည်သာ (၈) ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။

“အုပ်ချုပ်ရေးမှူး ဘယ်သူမှန်းတောင် မသိသေးဘူး။ အခုလည်း ရာအိမ်မှူးတချို့က တာဝန်ယူပြီး လုပ်ပေးနေကြတာ။ တချို့ရာအိမ်မှူးတွေက ထွက်ပြေးနေကြပြီ မတွေ့တော့ဘူး” ဟု ၎င်းက ဆိုသည်။

ထို့ပြင် ရွှေပြည်သာ လှော်ကား ၁၀ ရပ်ကွက်တွင် စစ်ကောင်စီလက်နက်ကိုင်များနှင့် အုပ်ချုပ်ရေးအဖွဲ့များက ရပ်ကျေးအုပ်ချုပ်ရေးမှူးအတွက် NLD ပါတီဝင် ၅ ယောက်ခေါ်ခိုင်းကြောင်း၊ NLD ပါတီဝင်များ ထွက်မလာချိန်တွင် ၎င်းတို့၏ လူများကိုခန့်အပ်ခဲ့ပြီး ‘ဒါလည်း NLD ကလူတွေပဲ’ ဟု ပြည်သူများကို ပြောသွားကြောင်း ရပ်ကွက်သားတစ်ဦးထံမှ သိရသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် ယနေ့ည၌ ဧည့်စာရင်းတိုင်ကြားရန် ရဲကားများဖြင့် လိုက်လံနှိုးဆော်မှုကြောင့် ငမိုးရိပ်ရပ်ကွက်တွင် အုပ်ချုပ်ရေးမှူးမရှိသည့်ကြားက ပြည်သူအချို့က နှစ်နာရီကြာ စောင့်ဆိုင်းပြီး ဧည့်စာရင်းတိုင်ရန် တန်းစီခဲ့ကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီသည် ဖေဖော်ဝါရီ ၁၃ တွင် ဧည့်စာရင်းဥပဒေကို အသက်သွင်းခဲ့ပြီးနောက် ၎င်းတို့၏ လက်ဝေခံ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များကို ခန့်အပ်ခဲ့သော်လည်း ပြည်သူများ၏ တစ်ခဲနက်ကန့်ကွက်မှုကြောင့် အောင်မြင်မှုမရခဲ့ချေ။

ဖေဖော်ဝါရီ ၂၂ တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအစီအစဉ်ကို ထုတ်ပြန်ကြေညာခဲ့ပြီး မြို့နယ်၊ ရပ်ကျေးအဆင့်မှ စတင်ဖွဲ့စည်းမည့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များသည် CRPH ကို တာဝန်ခံရမည်ဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles