အိမ်အပြန်ခရီးတွင် အစပြုသည့်အိပ်မက်ဆိုးက နှစ်ပေါင်းများစွာကြာမှ အဆုံးသတ်သွားသည်။
ယခုအသက် ၃ဝ အရွယ်၊ ထိုစဉ်က ၁၇ နှစ်အရွယ် မမေခိုင်ဦးသည် အဘွားဖြစ်သူနေထိုင်ရာ မြန်မာပြည် တောင်ပိုင်း ရေးမြို့နယ်မှ မုဒုံမြို့နယ်သို့ အပြန်ရထားပေါ်တွင် လင်မယားနှစ်ယောက်နှင့် စကားလက်ဆုံကျမိသည်။
သူတို့နှင့် လိုက်ပြီး အလုပ်လုပ်ရန် ဖိတ်ခေါ်သော်လည်း အိမ်ပြန်ရမည်ဖြစ်သောကြောင့် မလိုက်နိုင်ကြောင်း ငြင်းဆို လိုက်သည်။ သူတို့တိုက်သည့်ရေကိုတော့ သောက်လိုက်မိ သည်။ ရေသောက်ပြီးမိနစ်ပိုင်းအတွင်းမှာပင် သတိလစ်သွား သည့်မမေခိုင်ဦး မျက်လုံးဖွင့်၍ရချိန်တွင် ရထားက ဘူတာ လွန်သွားပြီဖြစ်သည်။
”ဆင်းရမယ့်နေရာလည်း ကျော်လာပြီဆိုတော့ အိမ် လည်းမပြန်တတ်၊ ပိုက်ဆံအပိုလည်းမပါဘူးဆိုတော့ သူတို့ သွင်းပေးတဲ့အလုပ်လုပ်ပြီး ပိုက်ဆံရမှာပဲ မေးစမ်းပြီး အိမ်ပြန် မယ်ဆုံးဖြတ်လိုက်တာ”ဟု မူလတန်းမပြီးခင် ကျောင်းထွက် လိုက်သည့် မမေခိုင်ဦးက ပြောသည်။
ထိုလင်မယားက မမေခိုင်ဦးကို ထမင်းဆိုင်အလုပ်သွင်း ပေးပြီး သုံးလပြည့်ချိန်တွင် မိဘအိမ်သို့ပြန်ပို့မည်ဟုဆိုကာတရုတ်ပြည်သို့ ခေါ်ဆောင်သွားကာ ရောင်းစားလိုက်ကြ သည်။ ဤသို့ဖြင့် မမေခိုင်ဦးသည် ပြီးခဲ့သည့်ဆယ်နှစ်အတွင်း ရဲတပ်ဖွဲ့က ကိုင်တွယ်ခဲ့ရသည့် လူကုန်ကူးခံရသူ ၃၄၈၉ ဦး အနက်မှ တစ်ဦးဖြစ်လာသည်။
မမေခိုင်ဦးကဲ့သို့ ဆယ်ကျော်သက်အရွယ် မိန်းကလေး များ၊ အမျိုးသမီးများ လူကုန်ကူးခံရမှု လျော့နည်းလာစေရန် ထိရောက်သည့်ဥပဒေ ပြဋ္ဌာန်းလုပ်ဆောင်ရုံနှင့် မပြီးဘဲ ပညာ ပေးလုပ်ငန်းများ ပိုမိုလုပ်ကိုင်ကြရမည်ဟု ဌာနဆိုင်ရာ အရာရှိ များ၊ အရပ်ဘက်အဖွဲ့အစည်းများက ပြောသည်။
ဆိုရှယ်မီဒီယာသုံးပြီးလွတ်မြောက်ခြင်း
ရောင်းစားခံရပြီး အိမ်ထောင်သည်ဘဝသို့ အတင်း အ$ကျပ်ပို့ဆောင်ခံရသူ မမေခိုင်ဦးက ထွက်ပြေးရန် မကြာခဏ စဉ်းစားခဲ့သည်ဟု ဆိုသည်။
“”ကိုယ်မသိတဲ့ ပတ်ဝန်းကျင်ဆိုတော့ ဘယ်ကိုပြေးလို့ ပြေးရမှန်းလည်း မသိဘူးလေ။ ဒီကထွက်ပြေးပြီး ဒီထက်ဆိုး တဲ့နေရာကို ရောက်မှာလည်း ကြောက်ခဲ့တာ” ဟု မမေခိုင်ဦး ကပြောသည်။
သမီးတစ်ယောက်၊ သားတစ်ယောက်ရရှိပြီးချိန်တွင် အိမ်ပြန်ချင်သည်ဟု ခွင့်တောင်းရာ ထိုအမျိုးသားက သဘော တူသဖြင့် မမေခိုင်ဦးက အိမ်နီးချင်း မြန်မာတစ်ဦးကို အပြန်ခရီး အတွက် အကူအညီတောင်းခဲ့သည်။
”လမ်းစရိတ်လုပ်ဖို့ ကျွန်မရဲ့ လက်ဝတ်လက်စားတွေ ရောင်းချပေးမယ်ဆိုပြီး ယူသွားတဲ့နေ့ထဲက ဒေါ်မြင့်မြင့်အေး တစ်ယောက် ကျွန်မဆီ လုံးဝမပေါ်လာတော့ဘူး။ ကျွန်မပစ္စည်း တွေကို ယူသွားလို့မှ အားမရဘူး၊ ကျွန်မကို ပွဲစားဆီမှာ ထပ်ရောင်းခဲ့တာ”ဟု သူကဆိုသည်။
ဒုတိယအမျိုးသားနေအိမ်သို့ ရောက်ရှိချိန်တွင် မမေခိုင်ဦး ၂၈ နှစ်ပြည့်ပြီဖြစ်သည်။ ထိုအိမ်သို့ရောက်ရှိပြီး ရှစ်လခန့် အကြာတွင် သူ၏ လွတ်မြောက်ရာလမ်းကို WeChat မှ တစ်ဆင့်တွေ့ခဲ့လေသည်။
”တရုတ်ကTVအစီအစဉ်တွေမှာက မကြာခဏလိုလိုWeChatအသုံးပြုနည်းနဲ့ ပတ်သက်ပြီးတော့ လာတယ်။WeChatထဲမှာပဲ မြန်မာပြည်ကအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက် မိပြီး ပြန်လွတ်လာတာပါ”ဟု သူကပြောသည်။
နေရပ်ရင်း ပြန်ရောက်စဉ်က မမေခိုင်ဦးတွင် ဒုတိယ အမျိုးသားနှင့်ရသည့် ကိုယ်ဝန်ရှိနေပြီ ဖြစ်သည်။ မော်လမြိုင် မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ဝင်းဝင်းမာက မမေခိုင်ဦးအိမ်ရှေ့တွင် ဈေးဆိုင်ငယ်တစ်ခုဖွင့်နိုင်ရန် ဌာနက ငါးသိန်း$ ထောက်ပံ့ခဲ့ကြောင်း၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ကလည်း ကိုယ်ဝန်နှင့်ပတ်သက်ပြီး စောင့်ရှောက်ပေးနေ ကြောင်း ရှင်းပြသည်။
မမေခိုင်ဦး၏ အမှုကို၂ဝ၁၅ ခုနှစ် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ အရ အမှုဖွင့်ထားပြီး စုံစမ်း စစ်ဆေးနေကြောင်း မော်လမြိုင်မြို့ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲမှူးဆန်းဦးက ပြောသည်။
လူကုန်ကူးသူတို့၏ပစ်မှတ်
လူကုန်ကူးသူတို့က ဆင်းရဲသူတို့ကို ပစ်မှတ်ထားလေ့ ရှိသည်ဟု ရှေ့နေများဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် ရန်ကုန်တရားမျှတမှု စင်တာ၏ စီမံကိန်းမန်နေဂျာ ဦးထွန်းလှိုင် က ပြောသည်။
”ကိုယ့်ပတ်ဝန်းကျင်မှာ ပညာပေးလုပ်ငန်းတွေ အောက်ခြေအထိ လုပ်ပေးဖို့လိုပါတယ်။ နယ်စပ်ဂိတ်တွေမှာ လည်း အသေအချာစစ်ဆေးဖို့ လိုပါတယ်”ဟု ချို့တဲ့သည့် အမှုသည်များကို အခမဲ့အကျိုးဆောင်ပေးသည့် ထိုအဖွဲ့မှ ဦးထွန်းလှိုင်က ပြောသည်။
နိုင်ငံအတွင်း အလုပ်အကိုင် အခွင့်အလမ်းပေါများလာပါ က လူကုန်ကူးခံရမှု လျော့ကျသွားမည်ဖြစ်ကြောင်း၊ ဆင်းရဲ သားတို့၏ တစ်နေ့တာဝင်ငွေ ပိုမိုမြင့်မားလာလျှင် နိုင်ငံခြားသို့ သွားရောက်အလုပ်လုပ်ကိုင်သူ ပိုမိုလျော့နည်းလာနိုင်ကြောင်း သူက မှတ်ချက်ပြုသည်။
”လူကုန်ကူးမှုက နိုင်ငံခြားကိုထွက်မှ မဟုတ်ပါဘူး။ ဒီနိုင်ငံအတွင်းမှာလည်း အများကြီးရှိနေတာပဲလေ။ ပြဿနာ မဖြစ်လို့သာ ဘာမှမဖြစ်တာ။ ဖြစ်မယ်ဆိုရင် ဒါတွေကလည်း တဖြည်းဖြည်းကြီးမားလာနိုင်တဲ့ အနေအထားမှာရှိပါတယ်” ဟု ဦးထွန်းလှိုင်က ပြောသည်။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အလုပ်သမားဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြည်ပသို့ တရားမဝင်လမ်းကြောင်းဖြင့် သွားရောက်ပါက လူကုန်ကူးမှုခံရနိုင်ခြေ ပိုများကြောင်း ပြောသည်။
”ရောင်းစားခံရတဲ့ ဖြစ်စဉ်တွေက အများကြီးပဲ။ အခု နောက်ပိုင်း လုပ်ခအပြည့်မပေးတဲ့ ပြဿနာကပိုများလာ တယ်။ ကျေးလက်ကလူတွေက လူကုန်ကူးမှု ပိုခံရနိုင်ပါ တယ်”ဟု အမြဲတမ်းအတွင်းဝန်က ဆိုသည်။
နိုင်ငံတော်အပိုင်းအနေဖြင့် လူကုန်ကူးမှု ပိုမိုလျော့နည်း လာအောင် ပညာပေးရေးလုပ်ငန်းများကို ယခုထက်ပိုမို၍ ကျေးလက်၊ တောရွာများအထိ ရောက်အောင် ကျယ်ကျယ် ပြန့်ပြန့် ပြုလုပ်သင့်ကြောင်း သူကဆက်ပြောသည်။
”ဒီလောက်ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးနေတာကို ဂရုမစိုက်ဘဲနဲ့ အဲ့ဒီလိုလူတွေရဲ့ ပြောစကားကိုယုံပြီး သွားနေ တဲ့လူတွေ အများကြီးရှိတယ်။ ဟိုရောက်တော့ ဘယ်သူ့မှ ဆက်သွယ်လို့မရဘူး၊ ဘာလုပ်ရမှန်းမသိဘူး။ တို့မှာလည်း အချက်အလက်မရှိတော့ ကူဖို့လည်းမဖြစ်နိုင်ဘူးလေ၊ ဖြစ်လာ မှပဲသိတော့တာလေ။ အဓိကပြဿနာတွေက အဲ့ဒီလိုမျိုးတွေ ပေါ့”ဟု အမြဲတမ်းအတွင်းဝန်က ရှင်းပြသည်။
ပုဇွန်တောင်မြို့နယ် ရဲတပ်ဖွဲ့မှူး ခင်မောင်လတ်က အသိပညာပေး၊ လက်ကမ်းစာစောင်ဖြန့်ဝေရာတွင် လိုအပ် နေသူတို့ထံရောက်ရန် ပိုမိုသေချာသည့် နည်းလမ်းများကို အသုံးပြုသင့်သည်ဟု ယူဆသည်။
”အဓိကကတော့ ပညာပေးဖို့ပါပဲ။ ဟောပြောပွဲကြီး လုပ်ပြီး ပညာပေးရတာ တစ်ခါတလေကျတော့လည်း အဆင် မပြေဘူး။ အိမ်တိုင်ရာရောက် ရဲလုပ်ငန်းစနစ်ကို ဆောင်ရွက် ရင်းနဲ့ ပညာပေးမှုကို ဖြန့်ဝေမယ်ဆိုရင် ပိုကောင်းတာပေါ့”ဟု ရဲမှူးကဆိုသည်။
လူကုန်ကူးမှုဆိုသည်မှာ တစ်ဦးတစ်ယောက်ကို သဘော တူညီချက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ခေါင်းပုံဖြတ်ခြင်း ပြုရန်အလို့ငှာ သယ်ယူပို့ဆောင်ခြင်း လွှဲပြောင်းခြင်း၊ ရောင်းချ ခြင်း ဝယ်ယူခြင်း၊ ငှားရမ်းခြင်း၊ ငှားယူခြင်း၊ ခိုလှုံခွင့်ပေးခြင်း သို့မဟုတ် လက်ခံခြင်းကို ဆိုလိုခြင်းဖြစ်ကြောင်း ၂ဝဝ၅ ခုနှစ် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေတွင် ဖော်ပြထား သည်။
ထိုသို့ပြုလုပ်ရန် ခြိမ်းခြောက်ခြင်း၊ အင်အားသုံးခြင်း၊ သွေးဆောင်ခေါ်ယူခြင်း၊ လိမ်လည်ခြင်း၊ လှည့်ဖြားခြင်း၊ အခွင့် အာဏာကို အလွဲသုံးစားပြုခြင်း၊ ဘဝရပ်တည်ရန် ခက်ခဲနေ သောအခြေအနေကို အလွဲသုံးစားပြုခြင်း၊ တစ်ဦးတစ်ယောက် အပေါ် ချုပ်ကိုင်နိုင်သောသူ၏ သဘောတူညီချက်ရရန် အကျိုး အမြတ်ပေးခြင်း သို့မဟုတ် လက်ခံရယူခြင်းတို့သည်လည်း လူကုန်ကူးမှုမြောက်သည်ဟု ဆိုသည်။
ထိုဥပဒေအရ လူကုန်ကူးမှုကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခံရလျှင် ထိုသူကို အနည်းဆုံးထောင်ဒဏ် ၁ဝ နှစ်မှ အများဆုံးထောင်ဒဏ်တစ်သက်အထိ ချမှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။
ကြိုတင်ကာကွယ်ခြင်း
၂ဝဝ၆ မှ ၂ဝ၁၆ အတွင်းလူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ကိုင်တွယ်ခဲ့ရသည့် လူကုန်ကူးမှုပေါင်း ၁၃၈ဝ ထဲ တွင် အဓမ္မလက်ထပ်ခိုင်းမှုမှာ အများဆုံးဖြစ်ပြီး၊ ဒုတိယမှာ ပြည့်တန်ဆာမှု၊ တတိယမှာ အဓမ္မခိုင်းစေသည့် အမှုများ ဖြစ်သည်။
မြန်မာပြည်သား လူကုန်ကူးခံရသူတို့ အများဆုံး ရောင်းစားခံရသည့်နိုင်ငံမှာ တရုတ်နိုင်ငံပင်ဖြစ်ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ဆိုသည်။ ဒုတိယ အများဆုံးမှာ ပြည်တွင်း၌ပင် ရောင်းစားခံရခြင်း၊ တတိယနှင့် စတုတ္ထမှာထိုင်း၊ မလေးရှားနိုင်ငံတို့သို့ ရောင်းစားခံရခြင်း ဖြစ်သည်။
အေၾ<ြကးတင်ခြင်း၊ ပညာနှင့် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးခြင်း၊ အိမ်တွင်းအကြမ်းဖက်ခံရခြင်းတို့သည် လူကုန် ကူးခံရသည့် အကြောင်းရင်းများတွင် ပါဝင်သည်ဟု အရပ်ဘက်အဖွဲ့အစည်းအများအပြားက ဆိုသည်။
လူကုန်ကူးခံရသူများထဲတွင် အယုံလွယ်သူ၊ အားနာ တတ်သူ၊ ဗဟုသုတနည်းပါးသူ၊ စွန့်စားလိုသူ၊ အကာအကွယ်မဲ့ သည့် ကလေးသူငယ်များ၊ နိုင်ငံခြားကို အထင်ကြီးသည့် သူများ၊ လက်ရှိဘဝကို နာကြည်းပြီး မိုက်ရူးရဲဆန်စွာ ဆုံးဖြတ် ချက်ချသူတို့ ပါဝင်သည်ဟု ¤င်းတို့ကဆိုသည်။
လူမှုဖွံ့ဖြိုးရေးအသင်းတစ်ခုဖြစ်သောAgency for Basic Community Developmentမှ ဒါရိုက်တာ မောင်ဂျွန်က ချင်းပြည်နယ်သည် နယ်မြေအေးချမ်းသော် လည်း ဆင်းရဲနွမ်းပါးခြင်းကြောင့် ပြည်တွင်းပြည်ပသို့ ရွှေ့ ပြောင်းသွားလာသူ အများဆုံးဒေသဖြစ်ကြောင်း ပြောသည်။
”ဒီပြဿနာက စီးပွားရေးပြဿနာပါ။ ပြည်သူတွေကြား ထဲမှာ အများကြီး ကျယ်ကျယ်ပြန့်ပြန့် ပညာပေးဖို့ လိုပါတယ်။ တစ်ဖက်ကလည်း ဒေသအလိုက် အလုပ်အကိုင်အခွင့်အလမ်း တွေ လုပ်ပေးဖို့လိုပါတယ်”ဟု လူကုန်ကူးမှု အသိပညာပေး ရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် မောင်ဂျွန်က ပြောသည်။
ဆယ်ကျော်သက်အရွယ်တွင် ကိုယ်တိုင်လူကုန်ကူး ခံရသူဖြစ်သည့် မမေခိုင်ဦးက သူနှင့်နီးစပ်ရာ မိတ်ဆွေများ၊ အိမ်နီးချင်းများကို ကိုယ်တွေ့အဖြစ်အပျက်များ ရှင်းပြသည့် နည်းဖြင့် ပညာပေးနေသည်ဟု ဆိုသည်။
”မိဘတွေအနေနဲ့ သားသမီးတွေကို တစ်ယောက်တည်း ခရီးမလွှတ်သင့်ဘူး။ မိန်းကလေးတွေလည်း ကျွန်မဖြစ်စဉ်ကို သင်ခန်းစာယူပြီး လူတိုင်းကိုမယုံကြည်သင့်ပါဘူး” ဟု မမေ ခိုင်ဦးက ပြောလိုက်သည်။ ။