အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပုလဲမြို့ပေါ်ရှိ စစ်တပ်ကို ကာကွယ်ရေးအဖွဲ့များ ဝင်တိုက် 

ဗိုလ်နဂါးဦးဆောင်သည့် BNRA အပါအဝင် တော်လှန်ရေးအင်အားစုက ပုလဲမြို့လယ်မှ စစ်ရေးပစ်မှတ်များကို ဝင်ရောက် တိုက်ခိုက်ကြသည်ဟု သိရသည်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်ရှိ စစ်ကောင်စီလက်နက်ကိုင်တို့ကို ယနေ့ (နိုဝင်ဘာ ၁၁)  နံနက်မှ စတင်ပြီး  ဒေသအခြေစိုက်ကာကွယ်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်နေပြီး စစ်ကောင်စီက လေတပ်အားပြုပြီး ခုခံနေကြောင်း သိရသည်။ 

မြို့မရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးရုံးတို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နံနက် အရုဏ်တက်ချိန်တွင် ဝင်တိုက်ရာ နံနက် ၈ နာရီဝန်းကျင်တွင် လေတပ်က လာရောက်တိုက်ခိုက်သည်ဟု ဒေသခံများနှင့် ကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။

“(စစ်တပ်က) မြေပြင်စစ်ကူ အင်အားဖြည့်တင်းတာတော့ မရှိဘူး။ လေကြောင်းကနေ တိုက်ခိုက်တာပဲ ရှိတယ်” ဟု ပုလဲမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။  

မြို့ပေါ်နှင့် မြို့အနီးဝန်းကျင် ကျေးရွာများကို လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ထိခိုက်မှုနှင့်ပတ်သက်ပြီး အသေးစိတ်အခြေအနေများ သိရှိနိုင်ရန် ဆက်သွယ်စုံစမ်းနေဆဲဖြစ်သည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

တိုက်ပွဲဖြစ်ပွားရာ မြို့ပေါ်ရပ်ကွက်များတွင် ပိတ်မိနေသူတချို့ရှိနိုင်ကြောင်း ဒေသအခြေစိုက် တော်လှန်ရေးအင်အားစုထံမှ သိရသည်။

ပုလဲမြို့ပေါ် တိုက်ပွဲအခြေအနေများနှင့်ပတ်သက်ပြီး မေးမြန်းနိုင်ရန် စစ်ကိုင်းတိုင်း၊ ပြောရေးဆိုခွင့်ရှိသူ စစ်ကောင်စီခန့် လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို ဆက်သွယ်မေးမြန်းခဲ့ရာ အစည်းအဝေးအတွင်း ရောက်ရှိနေကြောင်းသာ တုံ့ပြန်သည်။  

မြို့ပေါ်စခန်းများကို သွားရောက်တိုက်ခိုက်သည့် အဖွဲ့များထဲတွင်

ဗိုလ်နဂါးဦးဆောင်သည့် ဗမာ အမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ပါဝင်ကြောင်း သိရသည်။

ချင်းတွင်းမြစ် တစ်ဘက်ကမ်း မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) နှင့် မိုင် ၃၀ ကျော်သာ ကွာဝေးသည့် ပုလဲမြို့ပေါ်ရှိ  စစ်ကောင်စီအခြေစိုက်ရာနေရာများကို ယခုနှစ် ဇူလိုင် ၇ ရက်တွင် တော်လှန်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ယာယီထိန်းချုပ်နိုင်ခဲ့သော်လည်း လက်နက်ခဲယမ်း မလုံလောက်သဖြင့် နေ့တွင်းချင်း ပြန်လည်ဆုတ်ခွာခဲ့ရသည်။ 

ပုံတောင်ပုံညာနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ပုလဲမြို့နယ်တွင် စစ်တပ်က မြို့ပေါ်ရှိ ထွေအုပ်ရုံးနှင့် ရဲစခန်းတွင် အခြေချတပ်စွဲထားသည်။

 မြို့နှင့် ၁၅ မိုင်ခန့်အကွာ ကန့်ဒေါင့်၊ အင်မထီးနှင့် ဇီးဖြူကုန်းရွာ တို့ တွင် စစ်တပ်နှင့် ပြည်သူ့စစ်များ အခြေစိုက် တပ်စွဲထားကာ တော်လှန်ရေးအင်အားစုက ကျေးရွာအများစုတွင် နယ်မြေစိုးမိုးထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles