အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

သေဆုံး၊ ပျောက်ဆုံးသူ ရာဂဏန်းထိရှိနေတဲ့ ရေကြီးမှုနောက်ဆက်တွဲ အခြေအနေ

အာဏာသိမ်းစစ်ကောင်စီ ရဲ့ ကြိုတင်သတိပေးမှူ မရှိခဲ့တဲ့ ရေဘေးအန္တရာယ်ကြောင့် ဒီကနေ့ စက်တင်ဘာ ၁၃ရက်နေ့အထိ နေပြည်တော်အပါအဝင် နေရာအနှံ့အပြားမှာ အတည်မပြုနိုင်တဲ့ သေဆုံးသူနဲ့ ပျောက်ဆုံးသူ ရာနဲ့ချီရှိနေပြီး၊ သောင်းနဲ့ချီတဲ့ပြည်သူတွေ ဘေးလွတ်ရာကို ရွှေ့ပြောင်းနေကြရပါတယ်။ ‘ရာဂိ’ တိုင်ဖွန်းမုန်တိုင်းအရှိန်ကြောင့် စက်တင်ဘာ ၉ရက်က စပြီး မြန်မာနိုင်ငံဒေသအများအပြားမှာ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီးတဲ့နောက် ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကရင်ပြည်နယ် မြဝတီ၊ ရှမ်းပြည်နယ် တောင်ပိုင်းက တောင်ပေါ်ဒေသတွေ အပြင် မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်း ပျော်ဘွယ်၊ ရမည်းသင်း၊ ကျောက်ဆည်၊ မြစ်သား မြို့နယ်တွေအပြင် အာဏာသိမ်း စစ်ကောင်စီအခြေစိုက်ရာ နေပြည်တော်က ဇေယျာသီရိ၊ ပျဉ်းမနား၊ တပ်ကုန်းစတဲ့ မြို့နယ်တွေမှာပါ စပြီး အဆိုးရွားဆုံး ရေဘေးနဲ့ ကြုံတွေ့ခဲ့ရတာပါ။ နောက်ဆက်တွဲအနေနဲ့ စစ်တောင်းမြစ်ဝှမ်းဒေသ ပဲခူးတိုင်းထဲမှာပါ ရေကြီးရေလျှံမှုတွေ ဖြစ်လာတဲ့အကြောင်း ဒီရုပ်သံမှာ ကြည့်ရှုနိုင်ပါတယ်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button