အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဆန္ဒပြပြည်သူများကို ကာကွယ်သွားမည်ဟု KIA ပြော

စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေသည့် ကချင်ပြည်နယ်မှ ပြည်သူများ အကြမ်းဖက်ဖြိုခွင်းခံရပါက ကာကွယ်ပေးသွားမည်ဟု ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ယနေ့ ထုတ်ဖော်ပြောဆိုလိုက်သည်။ 

ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ဆန္ဒပြမှုများ အရှိန်အဟုန်ဖြင့် ဖြစ်ပေါ်နေချိန်တွင် လက်ရှိအခြေအနေနှင့် ပတ်သက်ပြီး မှတ်ချက်မပေးလိုသော်လည်း ဆန္ဒပြပြည်သူများကို ကာကွယ်ရမည့်တာဝန်ရှိနေသည်ဟု KIA ၏ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“တပ်မတော်အနေနဲ့ ပြည်သူလူထုကို ထိခိုက်မှုဖြစ်စေပြီဆိုရင်တော့ ကျွန်တော်တို့လည်း ပြည်သူလူထုကို ကာကွယ်ပေးဖို့ တာဝန်ကတော့ ကျွန်တော်တို့ဆီမှာလည်း ရှိတာပေါ့နော်။ ပြည်သူလူထုကိုတော့ ကျွန်တော်တို့ ကာကွယ်ရမှာ ဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

လက်ရှိတွင် အခြေအနေကိုစောင့်ကြည့်ပြီး ပြည်သူလူထုကာကွယ်ရေး ဆုံးဖြတ်လုပ်ဆောင်သွားမည်ဟု ၎င်းက ဆက်ပြောသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်များတွင် လှုပ်ရှားပြီး ဒေသခံတို့ ပေးသည့် ဆက်ကြေးရန်ပုံငွေတို့ဖြင့် ရပ်တည်သော KIA သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ်ထိုးထားခြင်း မရှိသေးဘဲ ယာယီအပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးရန် ညှိနှိုင်းနေဆဲဖြစ်သည်။

အပစ်ရပ် NCA လက်မှတ် ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်များဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/ SSA) တို့က စစ်တပ်၏ အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်ပြန်ထားသည်။

ကြေညာချက်နှင့် ပတ်သက်၍ ပိုမိုသိရှိရန်  RCSS/SSA အဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးစိုင်းအုမ်ခေးကို ဖုန်းဖြင့် ဆက်သွယ်သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ 

ရန်ကုန်မြို့မှလွဲ၍ မန္တလေးမြို့နှင့် အစိုးရရုံးစိုက်ရာ နေပြည်တော်တို့တွင် လုံခြုံရေးတပ်ဖွဲ့များက ဆန္ဒပြသူမှုကို ရေအမြောက်ဖြင့် ဖြိုခွင်းခြင်း၊ သေနတ်ဖြင့် ပစ်ခတ်ခြင်းကြောင့် ဒဏ်ရာရသူများထဲတွင် နေပြည်တော်မှ အသက် ၂၀ အရွယ်အမျိုးသမီးနှင့် အသက်၂၃ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ပါဝင်သည်။

အသက် ၂၀ အရွယ် မမြသွယ်သွယ်ခိုင်မှာ ဦးခေါင်းအတွင်း ကျည်ဆန်ရှိနေပြီး အသက်အန္တရာယ်စိုးရိမ်နေရသည့် အနေအထားတွင် ရှိနေသည်ဟု အဆိုပါဆေးရုံနှင့် နီးစပ်သည့် အသက် ၃၀ အရွယ် ခွဲစိတ်ဆရာဝန်အမျိုးသားတစ်ဦးက ပြောသည်။

ကချင်ပြည်နယ်အတွင်းရှိ ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော်၊ တနိုင်းနှင့် ပူတာအိုမြို့များတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပေါ်နေသည်။

ပြည်နယ်မြို့တော် မြစ်ကြီးနားတွင်လည်း ဆန္ဒပြမှု သုံးရက်မြောက်နေ့ဖြစ်သော ယနေ့ ဖေဖော်ဝါရီ ၁၀ ၌ သောင်းနှင့်ချီသည့် ပြည်သူများနှင့်အတူ အစိုးရဝန်ထမ်းများပါ ပူးပေါင်းလာကြသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles