အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

စစ်တက္ကသိုလ်များရှိရာမြို့ ပြင်ဦးလွင်ကို ဘာကြောင့် စွန့်ခွာလာကြသလဲ

တိုက်ပွဲတွေနီးကပ်လာတဲ့ စစ်တက္ကသိုလ်တွေအခြေစိုက်ရာ မေမြို့ ခေါ် ပြင်ဦးလွင်မှာ စစ်ဖြစ်လာနိုင်တဲ့ အရိပ်အယောင်တွေကြောင့် မန္တလေးဘက်ကို လူအများအပြား ထွက်ပြေးတိမ်းရှောင်လာကြပါတယ်။ ပြင်ဦးလွင်မြို့ထဲ နေရာတချို့မှာ ဈေးဆိုင်တွေ ပိတ်ထားကြပြီး မြို့အထွက် ဝက်ဝံစစ်ဆေးရေးဂိတ်ကစပြီး ပြင်ဦးလွင်-နောင်ချိုလမ်း မြို့အဝင်အထွက်ကိုလည်း သြဂုတ်လ စစ်တပ်က ပိတ်လိုက်တယ်လို့ မြို့ခံတွေက ပြောပါတယ်။ စစ်တပ်မိသားစုတချို့လည်း ပြင်ဦးလွင်မြို့ကနေ စတင်ပြောင်းရွှေ့နေကြပြီး ကိုယ်ပိုင်ကားရှိသူတွေနဲ့ အရာရှိတပ်မိသားစုဝင်တချို့ဟာ မိသားစုဝင်တွေ ရှိရာ နေရာတွေနဲ့ တိုက်ပွဲတွေမရှိတဲ့ နေပြည်တော်အပါအဝင် မြို့ကြီးတွေကို စတင်ပြောင်းရွှေ့နေကြတယ်လို့ တပ်မိသားစုဝင်တွေဆီကနေ သိရပါတယ်။ ပြင်ဦးလွင်မြို့နယ်ထဲက ရတနာပုံဆိုက်ဘာစီးတီးတက္ကသိုလ်ဝင်းထဲ စစ်ကောင်စီတပ်က ဩဂုတ် ၇ ရက်နေ့ ဝင်ရောက်တပ်စွဲခဲ့ပါတယ်။ အဲ့ဒီနေရာဟာ မန္တလေးမြို့ကို အပေါ်စီးကနေ မြင်ရပြီး စစ်ရေးအရ အသာစီးနေရာရဖို့ စစ်တပ်က ဝင်ရောက်နေရာယူတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ သတင်း၊ တင်ဆက် – နေမင်းနီ၊ မြတ်ကြီး

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button