အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

ခရိုနီကြီးများနှင့် လုပ်ငန်းရှင်ကြီးများ မျက်ခုံးလှုပ်နေရချိန် အခွင့်ထူးခံ တပ်ပိုင်လုပ်ငန်းများ

ဈေးကွက်မတည်မငြိမ်ဖြစ်အောင် ဖန်တီးပြီး၊ တိုင်းပြည်စီးပွားရေးထိခိုက်အောင် လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်တွေကို စစ်တပ်က ဆက်တိုက်ဖမ်းဆီးနှိပ်ကွပ်နေချိန်မှာ အခွင့်ထူးခံဖြစ်နေတာက စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေပဲ ဖြစ်ပါတယ်။

ရွှေ၊ ဒေါ်လာနဲ့ ဆန်၊ ဆီ အပါအဝင် အခြခံကုန်ဈေးနှုန်း ကျဆင်းရေးခေါင်းစဉ်နဲ့ အရပ်သားစီးပွားရေးလုပ်ငန်းရှင် အများအပြားကို စစ်ကောင်စီက ဖမ်းဆီးနေပေမဲ့ စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ ကိုယ်ကျိုးစီးပွားဖြစ်တဲ့ စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေကတော့ လက်ဖျားနဲ့တောင် အထိမခံရဘဲ ကင်းလွတ်ခွင့်ရနေတာပါ။

မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း MEC နဲ့ မြန်မာ့စီးပွားရေးဦးပိုင် MEHL တို့ဟာ စစ်တပ်ရဲ့ စီးပွားရေးအင်ပါယာကြီးနှစ်ခု ဖြစ်ပါတယ်။

MEC နဲ့ MEHL တို့ဟာ ကျောက်စိမ်း အပါအဝင် တိုင်းပြည်ရဲ့ အဖိုးတန် တွင်းထွက်သယံဇာတလုပ်ငန်းတွေကစလို့၊ ဘဏ်၊ အာမခံ၊ ဆိပ်ကမ်း၊ ပို့ကုန်သွင်းကုန်နဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေအထိ နယ်ပယ်စုံမှာ လုပ်ကိုင်နေတာပါ။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အရပ်သားစီးပွားရေးလုပ်ငန်းရှင်တွေကို ဆက်တိုက်ဖမ်းဆီးနေတဲ့ စစ်ကောင်စီလုပ်ရပ်ဟာ မြန်မာ့စီးပွားရေးကို သေနတ်နဲ့ချိန်ပြီး ထိန်းချုပ်နေတာလို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက မှတ်ချက်ပြုပါတယ်။

သတင်း၊ တင်ဆက် – အောင်နိုင်၊ မြတ်ကြီး

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button