အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

သံဃာတွေအနေနဲ့ ခေါင်းငုံ့ခံမနေသင့်တော့ဘူး

အထင်ကရ ဆရာတော်ကြီးတစ်ပါးသည် စစ်သားများ၏ ပစ်သတ်မှုကြောင့် ဇွန်လ ၁၉ တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ရသည်။ ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံဆရာတော် ပျံတော်မူရခြင်းသည် ၎င်းတို့လက်ချက်ကြောင့်ဟု စစ်တပ်က ဝန်ခံထားပြီးဖြစ်သည်။ သံဃာများနှင့် အရပ်သားသေဆုံးမှုများအတွက် တော်လှန်ရေးတပ်ဖွဲ့များထံ အပြစ်ပုံချလေ့ရှိသည့် စစ်တပ်က ၎င်းတို့ကျူးလွန်သည့် မြောက်မြားစွာသော အကြမ်းဖက်မှုများထဲမှ ရှားရှားပါးပါး ဝန်ခံချက်တစ်ခုလည်းဖြစ်သည်။ စာပေကျမ်းဂန်အကျော်အမော် ဆရာတော်တစ်ပါးကို ယခုကဲ့သို့ နေ့ခင်းကြောင်တောင်အချိန် လက်လွတ်စပယ် ပစ်သတ်သည့်ကိစ္စကို ‘မေ့ပစ်၍မရ’ ကြောင်း လွန်ခဲ့သည့် ၁၇နှစ်ခန့်က ရွှေဝါရောင်သံဃာလှုပ်ရှားမှုတွင် ထင်ရှားခဲ့သူ ဦးဂမ္ဘီရ(ခ)ဦးညီညီလွင်က ပြောသည်။ ပဲခူးဆရာတော် ပစ်သတ်ခံရမှုနှင့်ပတ်သက်ပြီး တော်လှန်ရေးအားကောင်းသည့် အနည်းဆုံး မြို့နယ် ၅ ခုတွင် သံဃာတော်များက စစ်တပ်ကို သပိတ်မှောက်ကံဆောင်နေကြသည်။ ‘ပတ္ထနိက္ကုဇ္ဇနကံဆောင်ခြင်း’ ဟုခေါ်သည့် စစ်တပ်ကို သပိတ်မှောက်ကံဆောင်မှုသည် မြန်မာနိုင်ငံတွင် ၁၉၉၀ ခုနှစ်က စတင်ခဲ့သည်။ ထို့နောက် ၁၇ နှစ်အကြာ ၂၀၀၇ ခုနှစ်တွင်လည်း ‘ရွှေဝါရောင်တော်လှန်ရေး’ ဟု အမည်တွင်သော သံဃာတော်များ ဦးဆောင်၍ သပိတ်မှောက်ခဲ့ကြသည်။ ထူးခြားစွာပင် နောက်ထပ် ၁၇ နှစ်အကြာ ယခု ၂၀၂၄ ခုနှစ်တွင်လည်း သံဃာတော်များ စစ်တပ်ကို သပိတ်မှောက်မှု တစ်ဖန်ပေါ်ပေါက်လာပြန်သည်။ ယခုအကြိမ် သပိတ်မှောက်ကံဆောင်မှုသည် ၂၀၀၇ခုနှစ်ကလောက် သံဃာတော်များ ပါဝင်နိုင်ခြေ ရှိမရှိနှင့် ဗုဒ္ဓဘုရားဟောကြားချက်အရ မည်သို့သော အခြေအနေများတွင် သံဃာတော်များ သပိတ်မှောက်နိုင်သည်ကို ဦးဂမ္ဘီရနှင့် ဆက်သွယ်မေးမြန်းထားသည်။ မေးမြန်း – စထွန်းအောင်

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button