အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

ပဲခူးဆရာတော်ကို ပစ်သတ်မှုအတွက် မင်းအောင်လှိုင်က လူလွှတ်ပြီး တောင်းပန်ခိုင်း

ဝင်းနိမ္မိတာရုံ ဆရာတော်ကို သူ၏စစ်သားများက ပစ်သတ်ခဲ့သည့်အတွက် တောင်းပန်ကြောင်း လျှောက်ထားလွှာကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စစ်ကောင်စီသာသနာရေးဝန်ကြီးကို ကျောင်းတိုက်သို့ စေလွှတ်ကာ ယနေ့တွင် ဖတ်ကြားလျှောက်ထားစေခဲ့သည်။ စစ်ခေါင်းဆောင်၏တောင်းပန်စာတွင် ဆရာတော်စီးနင်းလာသည့်ယာဉ်သည် သာသနာရေးအမှတ်အသားမပါသည့်အပြင် ကားမှန်တင်ကာ အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်ခဲ့ခြင်းကြောင့် သူ၏စစ်သားများက ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း လျှောက်ထားခဲ့ပြီး ထိုဖြစ်ရပ်အတွက် အဆင့်မြင့်အရာရှိများပါဝင်သည့် စုံစမ်းစစ်ဆေးရေးလုပ်နေသည်ဟုလည်း ပါရှိသည်။ ဆရာတော်ကို ဒေသတွင်းမှ တော်လှန်ရေးတပ် PDF များက ပစ်သတ်ခဲ့သည်ဆိုသည့် စစ်တပ်၏ လိမ်လည်ဝါဒဖြန့်ချိခဲ့မှုကိုတော့ ထိုလျှောက်ထားလွှာတွင် စစ်ခေါင်းဆောင်က ရည်ညွှန်းတောင်းပန်ခြင်းမရှိခဲ့ပါ။ စစ်ခေါင်းဆောင်၏တောင်းပန်မှုကို သိရှိရကြောင်းနှင့် ဆရာတော်သတ်ဖြတ်ခံခဲ့ရသည့် ဖြစ်ရပ်အတွက် ဝမ်းနည်းဖွယ်ရာ၊ ကြေကွဲဖွယ်ရာ ဖြစ်ပေမဲ့ မေ့ပျောက်ဖွယ်ရာတော့ မဖြစ်နိုင်ဘူးဟု ဆရာတော်တစ်ပါးက ပြန်လည် မိန့်ကြားခဲ့သည်။ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်သည် မန္တလေးတိုင်း ငါးဇွန်မြို့နယ်အတွင်း ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button