အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

စစ်အာဏာသိမ်းမှု နောက်ဆက်တွဲဆိုးကျိုးအကြောင်း ပဲခူးဆရာတော် ဘာမိန့်ကြားခဲ့လဲ

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝိုင်းဝန်းပစ်ခတ်မှုကြောင့် ပျံတော်မူခဲ့ရသော ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသသည် စစ်အာဏာသိမ်းမှုကို လက်မခံကြောင်း လူသိရှင်ကြား ထုတ်ပြန်ခဲ့သလို၊ အာဏာသိမ်းမှုအကျိုးဆက်ကြောင့် ပြည်သူအများ ဆင်းရဲဒုက္ခရောက်ကြရသည့်အခြေအနေကိုလည်း မိန့်ကြားခဲ့သည်။ စစ်အာဏာသိမ်းပြီး တစ်နှစ်ခွဲခန့်အကြာ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၇ ရက်နေ့က ဟောပြောချက်ထဲတွင် တိုင်းပြည်အခြေအနေမှာ ‘အလွန်ဆိုးရွား’ ကြောင်း၊ “ဒကာဒကာမတွေ၊ နိုင်ငံသူ၊ နိုင်ငံသားတွေ တွေ့ကြုံနေရတဲ့ ဆင်းရဲဒုက္ခတွေ၊ သောကတွေကို တွေ့ရမြင်ရတဲ့အခါမှာ မခံစားနိုင်ဘူး။ စိတ်ထဲမှာ တော်တော်ကို ပြင်းပြင်းပြပြ သောကဝေဒနာခံစားရ” ကြောင်း ဆရာတော်က မိန့်ကြားခဲ့သည်။ တော်လှန်ရေးတပ်ဖွဲ့များ၏ လက်ချက်ကြောင့် ဆရာတော်ပျံတော်မူရခြင်းဖြစ်သည်ဟု စစ်တပ်က လိမ်ညာထုတ်ပြန်ခဲ့သည်။ ထို့နောက် အခင်းဖြစ်ရာတွင် မျက်မြင်ရှိနေသည့် ထေရ်ကြီးဝါကြီးဆရာတော်တစ်ပါးက အဖြစ်မှန်ကို မိန့်ကြားမှသာ ၎င်းတို့လက်ချက်ဖြစ်ကြောင်း စစ်တပ်က ဝန်ခံသွားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button