မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ထဲက လမ်းခုလတ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေနတ်နဲ့ဝိုင်းပစ်လို့ ဗုဒ္ဓဟူးနေ့က ပျံတော်မူသွားတဲ့ ပဲခူးမြို့က ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်၊ ဘဒ္ဒန္တမုနိန္ဒာဘိဝံသဟာ စစ်အာဏာသိမ်းမှုကို လူသိရှင်ကြား ဆန့်ကျင်ကန့်ကွက်ခဲ့တဲ့ စာပေကျမ်းဂန်အကျော်အမော် ရဟန်းတော်တစ်ပါး ဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေ ဖောကားပေါ်ကနေ သေနတ်နဲ့ဝိုင်းပစ်လို့ ပဲခူးဆရာတော် ပျံလွန်တော်မူရတာလို့ မျက်မြင်သက်သေဖြစ်တဲ့ ကန်သုံးဆင့်ကျောင်းတိုက်ဆရာတော်ရဲ့ မနေ့က မိန့်ကြားချက်အပြည့်အစုံကြောင့် စစ်ကောင်စီရဲ့ လိမ်လည်ထုတ်ပြန်မှုဟာ ပေါ်လွင်သွားခဲ့ပါပြီ။ ကန်သုံးဆင့်ကျောင်းတိုက်ဆရာတော်ကြီးကိုလည်း စစ်ကောင်စီတပ်က မန္တလေးနန်းတွင်းစစ်ကြောရေးထဲအထိ ခေါ်ပြီး အချိန်အတန်ကြာ စစ်ဆေးခဲ့ပါတယ်။ ထေရ်ကြီးဝါကြီးဆရာတော်ကြီးတစ်ပါး ဖြစ်လို့ ပြန်လွတ်ပေးလိုက်လို့သာ သီလဂုဏ်မြဲမြံတဲ့ ဆရာတော်ကြီးရဲ့ ဖြစ်စဉ်အမှန်မိန့်ကြားချက်ကို ပြည်သူအများ ကြားသိခွင့်ရခဲ့တာပါ။ ဒီနေရာမှာ သာမန်ရဟန်းတော်တစ်ပါးဆိုရင် ပြန်မလွှတ်ပေးတော့ဘဲ ဖမ်းဆီးလိုက်တာ ဒါမှမဟုတ် နှုတ်ပိတ်လိုက်တာမျိုးအထိ စစ်တပ်က ကျူးလွန်မှာ အသေအချာပဲ ဖြစ်ပါတယ်။
Read Next
သတင်း
September 17, 2024
စစ်တောင်းမြစ်ဘေး ရေဘေးသင့်ပြည်သူတို့အတွက် အကူအညီ ကန့်သတ်ခံရ
ရုပ်သံသတင်း
June 27, 2024
သံဃာတွေအနေနဲ့ ခေါင်းငုံ့ခံမနေသင့်တော့ဘူး
September 17, 2024
စစ်တောင်းမြစ်ဘေး ရေဘေးသင့်ပြည်သူတို့အတွက် အကူအညီ ကန့်သတ်ခံရ
August 30, 2024
PDF ရှိနေသည့် ပဲခူးရိုးမကို စစ်ကြောင်းထိုးသဖြင့် တိုက်ပွဲပြင်းထန်နေ
August 15, 2024
ရေတာရှည်နှင့် ဆွာမြို့နယ် ကျေးရွာများတွင် စစ်တပ်က တပ်စွဲထားပြီး လုံခြုံရေးတင်းကျပ်
July 29, 2024
မြန်မာနိုင်ငံမြို့ ၁၂ မြို့တွင် စိုးရိမ်ရေအမှတ်ကို ကျော်လွန်ရေကြီးနေ
June 27, 2024