အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

အောင်ဘာလေထီမှ စစ်ကောင်စီအတွက် အခွန်ရငွေ ၉၀ ရာခိုင်နှုန်းခန့် ကျဆင်း

ပြည်သူအများက စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် ထီမထိုးဘဲ သပိတ်မှောက်ထားရာ အောင်ဘာလေထီရောင်းချရာမှ ရသည့်ဝင်ငွေ ဆက်တိုက်ကျဆင်းလာနေပြီး အာဏာမသိမ်းမီကာလနှင့် နှိုင်းယှဉ်ပါက ၉၀ ရာခိုင်နှုန်းနီးပါး ကျဆင်းနိုင်သည်ဟု တွက်ချက်သိရသည်။ စစ်တပ် အာဏာမသိမ်းမီ ၂၀၂၀ ဘဏ္ဍာနှစ်တွင် အောင်ဘာလေထီရောင်းချမှုမှ အခွန်ငွေ ကျပ် ၁၆၀ ဘီလျံ ရရှိခဲ့သည်။ ယခု ၂၀၂၄ ဘဏ္ဍာနှစ်တွင် ၁၉ ဘီလျံကျော်သာ အခွန်ရနိုင်မည်ဟု စစ်ကောင်စီပြဋ္ဌာန်းထားသည့် ၂၀၂၄ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေတွင် လျာထား ဖော်ပြထားသည်။ ထိုအခွန်ရရှိငွေ လျာထားချက်ကို တွက်ချက်ပါက ၈၈ ရာခိုင်နှုန်းကျော် ကျဆင်းသွားသည်ကို တွေ့ရသည်။ ထီရောင်းအားနှင့် အခွန်ငွေရရှိမှု တိုက်ရိုက်အချိုးကျသည်ဖြစ်ရာ စစ်ကောင်စီအတွက် ထီရောင်းရသည့် အခွန်ရငွေ ၉၀ ရာခိုင်နှုန်းနီးပါး ကျဆင်းသွားနိုင်ခြင်းဖြစ်သည်။ သတင်း၊ တင်ဆက် – အောင်နိုင်၊ ဟန်သစ်

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles