အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မန်းရတနာပုံတက္ကသိုလ်ရှေ့ ဆန္ဒပြကျောင်းသားများအား ထပ်မံဖမ်းဆီး

မန္တလေးကျောင်းတွင်းလုံခြုံရေးနှင့် သန့်ရှင်းရေး တိုးမြှင့်ပေးရန် မန္တလေးမြို့ ရတနာပုံ တက္ကသိုလ်ရှေ့ တွင်  ဇန်နဝါရီ ရက် ယနေ့နံနက်ပိုင်းက ဆန္ဒပြခဲ့ကြသည့် ကျောင်းသား ဦး အား အရပ်ဝတ်လုံခြုံရေးတပ်ဖွဲ့ဝင်များက ထိန်းသိမ်းလိုက်သည်။

၂၀၁၈ ဒီဇင်ဘာ ၂၈ တွင် တက္ကသိုလ်ရှေ့ ဆန္ဒပြခဲ့ကြသည့် ကျောင်းသား ဦး ဖမ်းခံခဲ့ရပြီးနောက် ၎င်းတို့ ဦး ထပ်မံဖမ်းခံရခြင်းဖြစ်သည်။

ကျွန်တော်တို့ဟာ မန်းတိုင်းအစိုးရနဲ့ကျောင်းအုပ်ချုပ်ရေးကို ညှိနှိုင်းရေးအဆင့်ဆင့်သွားခဲ့တယ်။  တက္ကသိုလ်ကျောင်းတစ်ခုရဲ့ အခြေခံရပိုင်ခွင့်ထဲမှာ တက္တသိုလ်နယ်မြေဆိုတာ ဒုစရိုက်ကင်းစင်တဲ့ နယ်မြေဖြစ်ရမယ်၊ လုယက်မှုကင်းစင်နယ်မြေဖြစ်ရမယ်၊ စသဖြင့် အခြေခံရပိုင်ခွင့်တွေရှိတယ်ဟု ရတနာပုံတက္ကသိုလ်(ဗကသ)မှ ကိုဘချစ်ကပြောသည်။

ရတနာပုံတက္ကသိုလ်ရှေ့တွင် ကျောင်းသားများဆန္ဒပြနေစဉ် (ဓာတ်ပုံ – ခင်နှင်းဝေ/Myanmar Now)

ကျောင်းသား ၂၀၀၀၀ ကျော်နှင့် ဆရာ ၇၀၀ ကျော်ဖြင့် လည်ပတ်နေသည့် အဆိုပါ တက္ကသ်ိုလ်တွင် လုံခြုံရေး ၃၀ ခန့်သာရှိကြောင်း၊ ကျောင်းလုံခြုံရေး တိုးမြှင့်ပေးရန် နိုင်ဝင်ဘာနှင့် ဒီဇင်ဘာ လများတွင် လေးကြိမ် ဆန္ဒ ပြခဲ့သော်လည်း သက်ဆိုင်ရာက ဖြေရှင်းပေးရန်ပျက်ကွက်နေပြီး တောင်းဆိုကြသည့်ကျောင်းသားသုံးဦးအား ဖမ်းဆီးခဲ့သည်ဟု ဆန္ဒပြကျောင်းသားတစ်ဦးဖြစ်သည့် ကိုဘုန်းမြင့်ကျော်ကပြောသည်။

ကျောင်းသားများနှင့် ထိပ်တိုက်တွေ့နေသည့် ပြဿနာကို ပြေလည်ရန် အကြိမ်ကြိမ်ညှိနှိုင်းခဲ့ပြီး ပူးပေါင်းဆောင်ရွက်ရန်လည်း ကမ်းလှမ်းထားသော် မအောင်မြင်ခဲ့ကြောင်း ရတနာပုံတက္ကသိုလ်  ပါမောက္ခချုပ်ဒေါက်တာမောင်မောင်နိုင်ကပြောသည်။

ကျွန်တော်သူတို့ကို အစအဆုံးရှင်းပြထားပြီးသားပါ။ ဒီဟာတွေခန့်လို့မရသေးဘူး ဒီလိုအကြောင်းတွေရှိတယ် ဝန်ထမ်းမိသားစုတွေအတွက်အဆောက်အအုံတွေပေးရမယ်။ ခန့်လို့မရသေးဘူး သူတို့ကိုရှင်းပြပြီးသားပါ။ ကျန်တဲ့ကလေးတွေကအိမ်သာသန့်ရှင်းတွေလုပ်တယ် အမှိုက်ကောက်တယ် အဲ့ထဲမှာသူတို့မပါဘူး ပူးပေါင်းဆောင်ရွက်ကြဖို့အကြိမ်ကြိမ်ပြောတယ်ဟု ၎င်းကပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button