အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

စစ်မှုထမ်းဥပဒေကြောင့် လက်နက်ကိုင်တော်လှန်ရေးထဲ ရောက်လာကြသူ လူငယ်များ

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း စစ်မှုမထမ်းမနေရဥပဒေ ပြဋ္ဌာန်းလိုက်ပြီးတဲ့နောက်မှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အာဏာသိမ်းစစ်တပ်ထဲကို မဝင်လိုကြတဲ့ လူငယ်အများအပြားဟာ တော်လှန်ရေးတပ်ဖွဲ့တွေထဲကို ချိတ်ဆက်ဝင်ရောက်နေကြတာပါ။ အဲ့ဒီအထဲမှာ BPLA လို့ခေါ်ပြီး၊ ကဗျာဆရာမောင်ဆောင်းခ ဦးဆောင်တဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်ထဲကိုလည်း နယ်ပယ်အသီးသီးက လူငယ်တွေအများအပြား ရောက်ရှိလာကြပါတယ်။ ဧပြီလအတွင်းက ကရင်ပြည်နယ်တစ်နေရာမှာ BPLA ရဲ့ အပတ်စဉ် ၆ သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ အခုဆိုရင် သင်တန်းဆင်းရဲဘော်တချို့ဟာ ရှေ့တန်းစစ်မြေပြင်မှာ တာဝန်ထမ်းဆောင်နေကြပါပြီ။ ပုံစံအမျိုးမျိုးနဲ့ တော်လှန်ရေးတပ်ထဲကို ရောက်လာကြတဲ့ လူငယ်တွေအကြောင်း ဒီရုပ်သံမှာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ရိုက်ကူး၊ တည်းဖြတ် – အောင်ခမ်း၊ ကိုချို၊ ဟန်သစ်

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles