အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
နိုင်ငံတကာသတင်းသတင်း

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ၎င်း၏ဇနီးဖြစ်သူတို့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရကြောင်း သမ္မတက သူ၏ တွစ်တာအကောင့်မှာ ယနေ့နံနက်တွင် ရေးသားခဲ့သည်။

ကမ္ဘာတစ်ဝန်း တိုင်းပြည်အများစုတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ပြန့်ပွားနေဆဲဖြစ်ပြီး ယင်းဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သည့် ကိုဗစ်နိုင်တင်း (Covid-19) ရောဂါဖြင့် အသက်ဆုံးရှုံးခဲ့သူအရေအတွက်မှာ အမေရိကန်ပြည်ထောင်စုတွင် ၂ သိန်းကျော် ရှိနေပြီ ဖြစ်သည်။

“ကျွန်တော်နဲ့ သမ္မတကတော်တို့မှာ ကိုဗစ်နိုင်တင်းရောဂါပိုး တွေ့တယ်လို့ ဒီနေ့ည အဖြေထွက်ပါတယ်။ ကျွန်တော်တို့ အခုချက်ချင်းပဲ ကွာရန်တင်းဝင်ပြီး ရောဂါပြန်လည်သက်သာအောင် ပြင်ဆင်ပါ့မယ်။ ကျွန်တော်တို့အားလုံး ဒါကို အတူတူ ကျော်ဖြတ်နိုင်မှာပါ” လို့ သမ္မတဒေါ်နယ်ထရမ့်က သူ၏တွစ်တာအကောင့်တွင် ရေးသားခဲ့သည်။

၎င်း၏ အနီးကပ်အကြံပေးတစ်ဦးဖြစ်သည့် ဟုပ်ဟစ်က်စ် (Hope Hicks) တွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ကြောင်း အဖြေထွက်ပြီးပြီးချင်း သမ္မတဒေါ်နယ်ထရမ့်က ဓာတ်ခွဲစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်သတင်းစာ နယူးယောက်တိုင်းမ်စ် (New York Times) က ရေးသားထားသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

သမ္မတ၏ အနီးပတ်ဝန်းကျင်အထိ ရောဂါပိုးပြန့်ပွားမှုများ ဖြစ်ပေါ်လာပြီး သမ္မတတစ်ဦး၏ အဆောင်အယောင်ဖြင့်ပင် ရောဂါပိုးကူးစက်မှု ထိန်းချုပ်နိုင်စွမ်းအခြေအနေကို မီးမောင်းထိုးပြနေသကဲ့သို့ ဖြစ်သည်ဟု နယူးယောက်တိုင်းမ်စ်က ဆိုသည်။ 

အမေရိကန်ပြည်ထောင်စုတွင် ရောဂါပိုးကူးစက်မှု စတင်ဖြစ်ပွားသည့်အချိန်ကတည်းက သမ္မတဒေါ်နယ်ထရမ့်သည် ကူးစက်မှုအခြေအနေမှာ ထင်သလောက် မဆိုးရွားကြောင်း ပြောဆိုခဲ့ပြီး ယမန်နေ့ညက နိုင်ငံရေးညစာစားပွဲ၌လည်း ကပ်ရောဂါအဆုံးသတ်ဖို့ မြင်နေရပါပြီဟု ပြောဆိုခဲ့ကြောင်း နယူးယောက်တိုင်းမ်စ် သတင်းစာက ဖော်ပြသည်။ 

သမ္မတ ရောဂါပိုးကူးစက်ခံရသည့်အခြေအနေသည် ၎င်း၏ ရွေးကောက်ပွဲမဲဆွယ်မှုအပေါ် အခက်အခဲများစွာ ဖြစ်ပေါ်လာစေနိုင်သည်။ အမေရိကန်ပြည်ထောင်စုသည် လာမည့် နိုဝင်ဘာ ၃ တွင် သမ္မတရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ပြီး ၎င်း၏ ပြိုင်ဘက်မှာ ဒီမိုကရက်တစ်ပါတီက အဆိုပြုတင်သွင်းထားသည့် ဒုသမ္မတဟောင်း ဂျိုးဘိုင်ဒင် (Joe Biden) ဖြစ်သည်။ 

သမ္မတဒေါ်နယ်ထရမ့်သည် ရောဂါလက္ခဏာမပြသော်လည်း မဲဆွယ်လှုပ်ရှားမှုကမ်ပိန်းအစီအစဉ်တွေကို ရုပ်သိမ်းပြီး သမ္မအိမ်တော်မှာ သီးသန့်နေထိုင်ကြရမည်ဖြစ်သည်။ ၎င်းဖျားနာမှု ခံစားလာရပါက ရွေးကောက်ပွဲဆက်လက်ယှဉ်ပြိုင်သင့်သလား ဆိုသည့် မေးခွန်းများ ပေါ်ထွက်လာနိုင်သည်ဟု နယူးယောက်တိုင်းမ်စ်က ရေးသားထားသည်။ 

ကိုးကား- New York Times ၏ Trump Tests Positive for the Coronavirus 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button