အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကနီမြို့နယ် တာဝါတိုင်စခန်းကို နှစ်ရက်ကြာတိုက်ခိုက်ပြီး သိမ်းပိုက်

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ လာပို့ရွာအနီးရှိ စစ်ကောင်စီ ဆက်သွယ်ရေးတပ်စခန်းကို ကာကွယ်ရေးပူးပေါင်းအဖွဲ့များက နှစ်ရက်တိုင် တိုက်ခိုက်ပြီးနောက် နိုဝင်ဘာ ၂၃ ရက်နေ့တွင် သိမ်းပိုက်ရရှိခဲ့ကြောင်း အမှတ် ၁ စစ်ဒေသရုံးက ယနေ့ (နိုဝင်ဘာ ၂၅) တွင် ထုတ်ပြန်သည်။

မုံရွာ-ယာကြီး-ကလေးဝလမ်းပေါ် လာပို့ရွာအနီးရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀ နီးပါး တပ်စွဲထားသည့် ဆက်သွယ်ရေးတပ်စခန်းကုန်းကို နိုဝင်ဘာ ၂၂ ရက်နေ့ နံနက်ပိုင်းမှ စတင်တိုက်ခိုက်ခဲ့ပြီး နောက်ရက်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း အမှတ် ၁ စစ်ဒေသရုံးက ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် ကုန်းပေါ်တွင် နေရာယူထားပြီး လက်နက်အင်အားပြည့်စုံသဖြင့် စခန်းသိမ်းပိုက်နိုင်ရန် ၂ ရက်ကြာ တိုက်ခိုက်ခဲ့ရသည်ဟု ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက သုံးသပ်သည်။

“သူတို့မှာ လူအင်အားတော့ နည်းတယ်။ လက်နက်အင်အားကောင်းတယ်။ ကုန်းပေါ်ကနေ လက်နက်အပြည့်အစုံရှိတယ်။ ငါးကြင်းမြီး ၂ လက်ရှိတယ်။ စစ်လက်နက်ပစ္စည်းကောင်းကောင်းရှိတာပေါ့” ဟု ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ထိုတိုက်ပွဲတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁ ဦး သေဆုံးပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ သေနတ် ၁ လက်အပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိသည်ဟု အမှတ် ၁ စစ်ဒေသရုံးက ထုတ်ပြန်သည်။

စခန်းကို ကာကွယ်ရေးအဖွဲ့များက စတင်တိုက်ခိုက်သည့်နေ့တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးဖြင့် ၃ ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။

စခန်းသိမ်းတိုက်ပွဲစတင်သည့် နိုဝင်ဘာ ၂၂ ရက်က ပစ်ခတ်မှုအတွင်း ကာကွယ်ရေးအဖွဲ့ဝင် ၂ ဦး သေဆုံးပြီး၊ နောက်တစ်ရက် နံနက်ပိုင်းတိုက်ပွဲတွင် ကာကွယ်ရေးအဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ချင်းတွင်းမြစ်အနောက်ဘက်ကမ်းရှိ ကနီမြို့သည် မြစ်တဖက်ကမ်း အနောက်မြောက်တိုင်းစစ်ဌာနချုပ်တည်ရှိရာ မုံရွာမြို့နှင့် မိုင် ၄၀ ခန့်သာ ကွာဝေးပြီး ကားဖြင့် သွားလာပါက ၂ နာရီနီးပါးသာ ကြာမြင့်သည်။

တော်လှန်ရေးအဖွဲ့များ နယ်မြေစိုးမိုးမှုအားကောင်းရာ ကနီမြို့နယ်တွင် စစ်ကောင်စီတပ်က မြို့ပေါ်ရှိ ရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးရုံး၊ ရွှေစည်းခုံတောင်ပေါ်တို့တွင် တပ်စွဲထားပြီး မြို့ပြင်ပတွင် မုံရွာ-ယာကြီး-ကလေးဝ လမ်းပေါ်ရှိ တာဝါတိုင်စခန်းနှင့် ရေလည်ကျွန်းရွာတို့တွင်အထိုင်ချထားကြောင်း ဒေသကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။

မုံရွာ-ယာကြီး-ကလေးဝ ကားလမ်း မိုင်တိုင် ၄၉ အနီးရှိ တာဝါတိုင်စခန်းမှ စစ်ကောင်စီ စခန်းကို ယခုနှစ် ဧပြီ ၁၇ ရက်နေ့တွင် ကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်ခဲယမ်းများရရှိခဲ့သည်။ ထိုတာဝါတိုင်စခန်းကို သိမ်းပိုက်ပြီးနောက် ကာကွယ်ရေးအဖွဲ့များ ပြန်လည်ဆုတ်ခွာပြီး ရက်ပိုင်းတွင်ပင် စစ်တပ်က ထိုနေရာတွင် ပြန်လည်တပ်စွဲထားခြင်းဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button