အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

နေပြည်တော်နှင့် မိုင် ၁၂၀ ကျော်သာ ဝေးသည့် မိုးဗြဲမြို့ စစ်ရေးအခြေအနေ

နိုဝင်ဘာ ၁၁ ရက်မှစ၍ မိုးဗြဲ ၁၁.၁၁ စစ်ဆင်ရေးအမည်ဖြင့် တော်လှန်ရေးအင်အားစုများ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသည့် ကယား(ကရင်နီ)ပြည်နယ်အစပ်ရှိ မိုးဗြဲမြို့တွင်းအခြေအနေများကို ယခုရက်ပိုင်းအတွင်း မြင်တွေ့ရသည့် မြင်ကွင်းဖြစ်ပါသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့သည် စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်နှင့် မိုင် ၁၂၀ ကျော်သာ ဝေးပြီး ကားဖြင့် သွားလျှင် ၄ နာရီကျော်ဖြင့် ရောက်နိုင်သည်။ စစ်ဆင်ရေးစတင်ပြီး နှစ်ရက်အတွင်း မိုးဗြဲမြို့ထဲရှိ စစ်ကောင်စီစခန်းအားလုံးနှင့် နိုဝင်ဘာ ၁၅ ရက်တွင် မိုးဗြဲတွင် စစ်ရေးအချက်အချာဖြစ်သည့် အမှတ် ၅၁၈ ခြေမြန်တပ်ရင်းအခြေစိုက် စက်တော်ရာ တောင်ကုန်းတို့ကို တော်လှန်ရေးအဖွဲ့များ သိမ်းပိုက်ထားနိုင်သည်။ စစ်ကောင်စီထံမှ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိထားသည်။ လက်ရှိတွင် မိုးဗြဲမြို့၌ ရေကာတာအနီးရှိ စစ်ကောင်စီတပ်အခြေစိုက်စခန်းတစ်ခုသာ ကျန်ရှိတော့သည်။ မိုးဗြဲမြို့တွင် အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်ခြင်း၊ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများ ရှိနေခြင်းကြောင့် ဒေသခံများ ဘေးလွတ်ရာ တိမ်းရှောင်ကြပါရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားသည်။ ကယား(ကရင်နီ)ပြည်နယ် မြို့တော် လွိုင်ကော်တွင်လည်း ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေပြီး အောင်မြင်လုနီးပါး အခြေအနေတွင် ရှိနေသည်။

ရိုက်ကူး၊ တည်းဖြတ် – အက်စတာဂျေ၊ ဟန်သစ်

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button