အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

ရှမ်း-ကယား(ကရင်နီ)အစပ်မှာ စစ်တပ်က စစ်ကြောင်းဆက်ထိုးနေ

ရှမ်း-ကယားနယ်စပ်က မိုးဗြဲမြို့ကို တော်လှန်ရေးတပ်တွေဆီကနေ ပြန်လည်သိမ်းပိုက်လိုက်တဲ့ စစ်ကောင်စီတပ်ဟာ နောက်ထပ် နယ်မြေစိုးမိုးမှုတွေတိုးချဲ့ဖို့ ထိုးစစ်တွေ ဆက်လုပ်နေပါတယ်။ 

တစ်ဖက်မှာလည်း သူတို့ထိန်းချုပ်နယ်မြေနဲ့ လမ်းပိုင်းတွေမှာ လွတ်လွပ်လပ်လပ်သွားလာနိုင်တယ်လို့ ထုတ်ပြန်သလို ပြည်သူ့စစ်မဟာဗျူဟာအရ ဒေသခံတွေကိုလည်း စည်းရုံးမှုတွေ လုပ်လာပါတယ်။ 

နယ်မြေစိုးမိုးမှုအတွက် ထိုးစစ်ဆင်ရင်း၊ ဒီနှစ်ကုန်ပိုင်းကျင်းပဖို့ရှိနေတဲ့ ရွေးကောက်ပွဲအတွက်ပါ ဒေသခံတွေကို စည်းရုံးရေးဆင်းနေတာလို့ ဒေသတွင်းနိုင်ငံရေးအင်အားစုတွေက သုံးသပ်ကြပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်၊ ၁၁၁၁ စစ်ဆင်ရေးအတွင်း လက်လွတ်ခဲ့ရတဲ့ ဒီးမော့ဆိုမြို့နယ်ထဲက ကျေးရွာတွေကိုလည်း စစ်တပ်က ပြန်လည်ထိုးစစ်ဆင်နေပါတယ်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဖယ်ခုံ-လွိုင်ကော် ကားလမ်းအပြင် ကားလမ်းနဲ့ ၁၀မိုင်ပတ်လည်က ကျေးရွာချင်းဆက်လမ်းတွေအထိ စစ်ကောင်စီတပ်တွေ ထိုးဖောက်ဝင်ရောက်လာတာကြောင့် ဒီးမော့ဆိုမြို့နယ်အတွင်း ရွာပေါင်း ၁၀ရွာလောက်က ဒေသခံတွေဟာ ရက်သတ္တပတ်အတွင်း ဘေးလွတ်ရာကို အရေးပေါ် တိမ်းရှောင်ကြရပါတယ်။ 

စစ်ကောင်စီစစ်ကြောင်းဟာ လက်နက်ကြီးတွေပစ်ခတ်ပြီး ထိုးစစ်ဆင်လာတာကြောင့် ဒေသခံတွေဟာ အသက်ဘေးကလွတ်မြောက်ဖို့ အရေးပေါ် ထွက်ပြေးကြရတာပါ။ 

သတင်းနှင့် ရိုက်ကူး – မြတ်မိုးသူ

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button