အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

“တစ်ဖက်သတ် လူသတ်ပွဲပုံစံ ဖြစ်လာတော့ ရဲဘော်တွေက စိတ်ဓာတ်ကျသွားတာ”

မြို့ပြတော်လှန်ရေးတပ်ဦး (URF) ဆိုတဲ့နာမည်နဲ့ ကရင်နီဒေသမှာအခြေစိုက်တဲ့ တပ်ဖွဲ့ဟာ ကရင်နီတော်လှန်ရေးတပ်တွေနဲ့  ပူးပေါင်းပြီး အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်တော်လှန်နေတာ လေးနှစ်ကျော် ရှိလာပါပြီ။ 

ဒီအဖွဲ့ကို ဦးဆောင်နေသူကတော့ ဒိုင်းနက်လူမျိုးတစ်ယောက်ဖြစ်တဲ့ အသက် ၃၂နှစ်အရွယ် ကိုထက် ဆိုသူပါ။ စစ်တပ်အာဏာမသိမ်းခင်ကတော့ သူဟာ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးအတွက် တက်ကြွလှုပ်ရှားသူ လူငယ်တယောက် ဖြစ်ခဲ့ပါတယ်။ 

တပ်ဖွဲ့ဝင်အင်အား ၁၀၀ ကျော်ရှိတဲ့ URF တပ်ဖွဲ့ဟာ တိုက်ပွဲအတွေ့အကြုံပေါင်း ရာနဲ့ချီပြီး ရှိနေပါပြီ။ တိုက်ပွဲတွေအတွင်း URF တပ်ဖွဲ့ဝင် ၇ဦး အသက်ဆုံးရှုံးခဲ့ရပြီး ကိုယ်လက် အင်္ဂါစွန့်လွတ်လိုက်ရတဲ့ ရဲဘော်တွေလည်း အများအပြား ရှိပါတယ်။ 

URF ပါဝင်ခဲ့တဲ့ တိုက်ပွဲတွေထဲ မှတ်မှတ်ရရရှိခဲ့တာက ရှမ်း-ကရင်နီ(ကယား)အစပ်က မိုးဗြဲမြို့သိမ်းတိုက်ပွဲလည်း ပါဝင်ပါတယ်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အခုနှစ် ဇူလိုင်လမှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ မိုးဗြဲမြို့ကို စစ်တပ်က ပြန်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ 

မိုးဗြဲမြို့ကို စစ်တပ်က ဘာကြောင့် ပြန်သိမ်းနိုင်ခဲ့တာလဲ။ ဒီအကြောင်းအပါအဝင် 

မြို့ပြတော်လှန်ရေးတပ်ဦး (URF)ရဲ့ တပ်ဖွဲ့စည်းမှု၊  စစ်ရေးအတွေ့အကြုံနဲ့ ကရင်နီဒေသက အခြားသော တော်လှန်ရေးတပ်တွေနဲ့ မဟာမိတ်ဆက်ဆံရေး အခြေအနေတွေနဲ့ပတ်သက်ပြီး URF အဖွဲ့ရဲ့တာဝန်ခံ ကိုထက်ကို Myanmar Now က တွေ့ဆုံမေးမြန်းထားပါတယ်။ 

ကိုလှိုင်း၊ စောရယ်/ Myanmar Now


Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles