အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကျောင်းလုံခြုံရေးနှင့် သန့်ရှင်းရေးအတွက် မန်း-ရတနာပုံ တက္ကသိုလ်ကျောင်းသားများ ၄ကြိမ်မြောက် ဆန္ဒပြ

(မန္တလေး) – မန္တလေးမြို့ ရတနာပုံတက္ကသိုလ်တွင် ဆိုင်ကယ်များ းမကြာခဏ ခိုးယူခံနေရခြင်း၊ ရေအိမ်များ သန့်ရှင်းမှုမရှိခြင်းကို အစိုးရနှင့် တက္ကသိုလ်အုပ်ချုပ်ရေးဘက်က အရေးယူဆောင်ရွက်ရန် ပျက်ကွက်သည်ဟု စွပ်စွဲပြီး ကျောင်းသား ၁၅ ဦးခန့်က ကျောင်းရှေ့တွင် ယနေ့ ဆန္ဒပြခဲ့ကြသည်။

ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသ) မှ ကိုရဲမျိုးဆွေ၏ အဆိုအရ ယမန်နှစ်တွင် ကျောင်းသားများ၏ ဆိုင်ကယ် အစီး ၂၀ ထက်မနည်း ခိုးယူခံခဲ့ရသည်ဟု ဆိုသည်။

“(ကျောင်းမှာ ကြုံတွေ့နေရတဲ့ ပြဿနာကို မန္တလေးတိုင်း) ဝန်ကြီးချုပ်နဲ့ ပါမောက္ခဟာ ကျွန်တော်တို့ကို ဘော်လီဘောပုတ်နေကြတယ်။ ခုထိ တာဝန်ယူဖြေရှင်းပေးခြင်းမရှိဘူး” ဟု ၄င်းက ပြောသည်။

ကျောင်းသား ၂၀၀၀၀ ကျော်နှင့် ဆရာ ၇၀၀ ကျော်ဖြင့် လည်ပတ်နေသည့် အဆိုပါ တက္ကသိုလ်တွင် လုံခြုံရေး ၃၀ ခန့်သာရှိကြောင်း၊ ကျောင်းလုံခြုံရေးတိုးမြှင့်ပေးရန် နိုင်ဝင်ဘာနှင့် ဒီဇင်ဘာလများတွင် သုံးကြိမ်ဆန္ဒပြခဲ့သော်လည်း သက်ဆိုင်ရာက အရေးယူရန် ပျက်ကွက်နေဆဲဖြစ်ကြောင်းလည်း ကိုရဲမျိုးဆွေက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ကျွန်တော်တို့ ဆရာ ဆရာမတွေဟာ ဂိတ်ပေါက်စောင့်ဖို့ မဟုတ်ပါဘူး။ အခု ဆရာမတွေ လုံခြုံရေးမရှိလို့ ဂိတ်ပေါက်စောင့်နေရတယ်။ ဒါတွေမဖြေရှင်းမပေးမချင်း ကျွန်တော်တို့က ဆန္ဒဆက်ပြနေရအုံးမှာပါဘဲ” ဟု ၎င်းက ဆက်ပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button