အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
နိုင်ငံတကာသတင်းသတင်း

မြန်မာပြည်ရှိ လူ့အခွင့်အရေးချိုးဖောက်မှုများကို ထောက်ခံခြင်းမဟုတ်ဟု Twitter CEO က ဝေဖန်သူများကို ပြန်ရှင်း

ရန်ကုန် – မြန်မာပြည်တွင် ဝိပဿနာ ဆယ်ရက်တရားပတ် လာရောက်ဝင်သွားခဲ့ပြီး၊ မြန်မာပြည်ကို သွားလည်ကြပါ ဟု ပြောဆိုခဲ့သည့်အတွက် ဝေဖန်ခံနေရသည့် တွစ်တာ (Twitter) အမှုဆောင် အရာရှိချုပ် ဂျက်ဒေါ်စီက သူသည် ဝိပဿနာတရားကို ရှေးမူမပြတ်ထိန်းသိမ်းထားသည့် နိုင်ငံသို့ သွားရောက်ခဲ့ခြင်းသာဖြစ်ကြောင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုများကို အားပေးထောက်ခံခြင်း မဟုတ်ကြောင်း ဝေဖန်သူများကို တုံ့ပြန်ပြောဆိုလိုက်သည်။

ပြင်ဦးလွင်ရှိ ဝိပဿနာဆရာကြီးဦးဂိုအင်ကာ၏ ဓမ္မမဟိမာတရားရိပ်သာတွင် ပြီးခဲ့သည့် နိုဝင်ဘာလက ဆယ်ရက် စခန်းဝင်ပြီးနောက် “မြန်မာပြည်သူတွေ သိပ်ကို ပျော်ရွှင်နေကြတယ်၊ မြန်မာပြည်ဟာ သိပ်ကိုလှပတဲ့နိုင်ငံပဲ၊ ဒီနိုင်ငံကို သွားလည်ကြပါ”ဟု တွစ်တာတွင် ရေးသားခဲ့ခြင်းသည် ရခိုင်ပြည်နယ် ပြဿနာများကို မသိကျိုးကျွန်ပြုမှုဖြစ်ကြောင်း နိုင်ငံတကာမီဒီယာများတွင် ဝေဖန်ခံခဲ့ရသည့်အပေါ် ၎င်းက ပထမဆုံးအကြိမ် ပြန်လည်တုံ့ပြန်ခြင်းဖြစ်သည်။

“ကျွန်တော် တရားအားထုတ်လာတာ အနှစ် ၂၀ ရှိပါပြီ။ လွန်ခဲ့တဲ့ နှစ်နှစ်ကစပြီး ဝိပဿနာနည်းကို ပိုလုပ်လာဖြစ်ခဲ့တယ်။ မနှစ်က တက္ကဆက်ပြည်နယ်သွားပြီး (ဆယ်ရက်ဝိပဿနာစခန်း) အားထုတ်ပြီးတဲ့နောက် ဝိပဿနာကျင့်စဉ်ကို ရှေးမူမပျက် စောင့်ရှောက်ထိန်းသိမ်းထားတဲ့ မြန်မာပြည်ကို သွားချင်စိတ် ဖြစ်လာတယ်။ ဒီလိုနဲ့ သွားဖြစ်ခဲ့တာပါ” ဟု အသက် ၄၂ အရွယ်ရှိ ဘီလျံနာသူဌေးဖြစ်သူဂျက်က ၎င်း၏ အင်တာနက်လူမှုကွန်ရက် တွစ်တာပေါ်တွင် ဒီဇင်ဘာ ၁၂ ရက်နေ့က ရေးသားလိုက်သည်။

ဂျက်ဒေါ်စီက သူသည် မြန်မာပြည်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ရက်စက်ညှဉ်းပန်းမှုများ ရှိသည်ကို သိပါကြောင်း၊ သို့သော် မြန်မာပြည်ကို သွားလည်ကြပါ၊ တရားအားထုတ်ကြပါ၊ မြန်မာပြည်သူတွေနှင့် စကားပြောကြပါဟု ရေးသားခဲ့ခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှုများကို ထောက်ခံခြင်း မဟုတ်ကြောင်း ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ကိုယ့်ကိုယ်ကိုယ် ပြုပြင်တိုးတက်အောင်လုပ်ဖို့ ရည်ရွယ်ချက်တစ်ခုတည်းနဲ့ ဒီခရီးကို သွားခဲ့တာပါ။ ဒီလိုကျင့်စဉ်ကို အခြားသူတွေကျင့်အောင် အားပေးချင်တဲ့ ရည်ရွယ်ချက်တစ်ခုတည်းနဲ့ ကျွန်တော့်အတွေ့အကြုံကို ဝေမျှခဲ့တာသာ ဖြစ်ပါတယ်။ ရှင်းရှင်းပြောရရင်တော့ ဝိပဿနာတရားဟာ နေ့စဉ် ကျွန်တော့်ဘဝကို အထောက်အကူပြုနေတဲ့ အကောင်းဆုံးအရာပဲလို့ ပြောချင်ပါတယ်”ဟု ၎င်းက ရေးသားထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles