အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

လွတ်လပ်ခွင့်အတွက် ကိုယ်လက်စွန့်လွှတ်နေရတဲ့ ကရင်နီလူငယ်များ

အနာဂတ်တွင် အိပ်မက်ကိုယ်စီရှိကြသည့် လူငယ်များသည် စစ်တပ်အာဏာသိမ်းပြီးနောက် အများစုမှာ လက်နက်ကိုင်တော်လှန်ရေးသမားများ ဖြစ်လာကြသည်။ ခုခံတော်လှန်မှုများအနက် နိုင်ငံ၏ အရှေ့တောင်ဘက်စွန်းတွင်ရှိသော ကရင်နီပြည်နယ်(ကယားပြည်နယ်)သည် စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်ရာတွင် လက်သံအပြောင်ဆုံး ဒေသဖြစ်သည်။ နေပြည်တော်နှင့် နီးကပ်သော ကရင်နီပြည်နယ်ကို စစ်ကောင်စီတပ်က အပြင်းထန်ဆုံး ထိုးစစ်ဆင်နေသည့်ကြားကပင် ပြည်နယ်၏ ထက်ဝက်ကျော်ကို ကရင်နီတော်လှန်ရေးတပ်များက စိုးမိုးထားနိုင်သည်။ နောက်ကွယ်တွင်လည်း ပေးဆပ်ရမှုက ကြီးမားသည်၊ အသက်ပေးလိုက်ရသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ရှိသလို တိုက်ပွဲအတွင်း ကိုယ်လက်အင်္ဂါ စွန့်လွှတ်လိုက်ရသူ အများအပြားလည်း ရှိနေသည်။ ထိုသူများအနက် ထိုင်းနိုင်ငံဘက်ခြမ်း တနေရာသို့ လာရောက်ပြီး ဆေးကုသမှုခံယူနေသော ကရင်နီတပ်မတော်(KA)မှ ဒဏ်ရာရတပ်ဖွဲ့ဝင်အချို့နှင့် Myanmar Now က မကြာသေးခင်က တွေ့ဆုံထားသည်။ ဒဏ်ရာသက်သာလျှင် လက်နက်ကိုင်ပြီး တိုက်ပွဲပြန်ဝင်လိုကြောင်း ၎င်းတို့ အားလုံးက ပြောကြသည်။

သတင်း၊ တင်ဆက် – ဟန်သစ်

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles