အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဦးရွှေဝါထွန်း (MRTV-4 ဆရာတော်) နှင့် သူ၏ဇနီး ဆိုသူတို့အား အရေးယူပေးရန် တိုင်ကြားခံရ

(ရန်ကုန်) – MRTV-4 ဆရာတော်ဟု လူသိများခဲ့သည့် ဦးရွှေဝါထွန်းနှင့် သူ၏ဇနီးဆိုသူတို့ကို သာသနာတော်ညှိုးနွမ်းစေမှုဖြင့် အရေးယူပေးရန် အမျိုးသားတစ်ဦးက ဒီဇင်ဘာ ၇ တွင် ရန်ကုန် မြောက်ဥက္ကလာတရားရုံးသို့ ဦးတိုက် လျှောက်ထားခဲ့သည်။

၄င်းတို့နှစ်ဦးအား ရန်ကုန်မြို့မှ ဦးသက်မျိုးဦးဆိုသူက တရားရုံးသို့ တိုင်ကြားထားသည့်အတွက် တရားလိုများဘက်ကို စုံစမ်းစစ်ဆေးမှုများ စတင်နေပြီဟု မြောက်ဥက္ကလာရဲစခန်းမှ ဒုရဲအုပ် အောင်မျိုးလွင်က ပြောသည်။

အဆိုပါ ဦးသက်မျိုးဦးဆိုသူသည် အမျိုးသားရေးထောက်ခံပွဲများတွင် မကြာခဏ တွေ့ရလေ့ရှိသူတစ်ဦး ဖြစ်သည်။

“တရားလိုနဲ့ တရားလိုပြသက်သေတွေ ခရီးလွန်နေတဲ့အတွက်ကြောင့်မို့ သူတို့ကိုစစ်ပြီးမှ မဂျူးမျက်ခြယ် (ဦးရွှေဝါထွန်းဇနီးဆိုသူ) နဲ့ ဆရာတော် ( ဦးရွှေဝါထွန်း)ကို စစ်မယ်” ဟု ၎င်းက ပြောသည်။

လတ်တလောတွင် မည်သည့်ပုဒ်မဖြင့် အရေးယူမည်ဆိုသည်ကို ပုဒ်မမတပ်ရသေးဘဲ ရဲလုပ်ငန်းပြီးဆုံးချိန်ရောက်မှ မည်သည့်ပုဒ်မဖြင့် တရားရင်ဆိုင်ရမည်ကို ဆုံးဖြတ်နိုင်မည်ဟု ၄င်းက ပြောသည်။

ဒေါ်ဂျူးမျက်ခြယ်ဟု သူ့ကိုယ်သူ ထုတ်ဖော်သည့် အမျိုးသမီး၏ အဆိုအရ သူ့အား ပြစ်မှုထင်ရှားပါက အမြင့်ဆုံးထောင်ဒဏ် ၂ နှစ် နှင့် ဒဏ်ငွေကျခံရနိုင်သည့် ရာဇသတ်ကြီး ပုဒ်မ ၂၉၅ (က) ဖြင့် အရေးယူပေးရန် တိုင်ကြားခံထားရသည်ဟုဆိုသည်။

“သမီးယောက်ျား ပြန်လာဖို့ကို အစကနေအဆုံး အကုန်လုံးကို ဖွင့်ပြောပြတာပေါ့နော်။ အဲ့ဒါကို သာသနာညှိုးနွမ်းဆိုတာနဲ့ ဘယ်လို ငြိတာလဲတော့မသိဘူး၊ သူ(တရားလိုဦးသက်မျိုးဦး) ပြောတာတော့ ကားပေါ်မှာ အဝတ်လဲတာတွေ တရားပွဲငွေကနေစုပြီး နောက်နှစ်မှ လူထွက်ပြီး ယူမယ်ပြောတာတွေပါတယ်” ဟု ၄င်းက ပြောသည်။

MRTV-4ဆရာတော်ဟု လူသိများသည့် ရဟန်းဘွဲ့ အရှင်ကဉ္စနောဘာသ၊ လူအမည် ဦးရွှေဝါထွန်းသည် ဒေါ်ဂျူးမျက်ခြယ်နှင့် အတူယှဉ်တွဲ သွားလာနေသည့် ရုပ်သံနှင့် ဓာတ်ပုံများ Facebook တွင်ပျံ့နှံ့ခဲ့ပြီးနောက် ၄င်းတို့နှစ်ဦး၏ ဆက်ဆံရေးကို ဝေဖန်ထောက်ပြမှုများ ရှိခဲ့သည်။

ယင်းနောက် ဦးရွှေဝါထွန်းသည် လူမြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။ MRTV-4 ဆရာတော်ဟု လူသိများသည့် ရဟန်းအမည် ဦးကဉ္စနောဘာသသည် နိုင်ငံတော်သံဃမဟာနာယက (မဟန) မှ တရားမဝင်အသင်းအဖြစ် ကြေညာခဲ့သည့် အမျိုးဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) မှ ထင်ရှားသည့် သူတစ်ဦးဖြစ်သည်။

သူ့အားရှာဖွေပေးရန် ဒေါ်ဂျူးမျက်ခြယ်က ရန်ကုန် မြောက်ဒဂုံရဲစခန်းတွင် နိုဝင်ဘာ နောက်ဆုံးသီတင်းပတ်တွင် လူပျောက်တိုင်ကြားခဲ့သော်လည်း အဆိုပါအမှုနှင့် ပတ်သက်ပြီး ထူးခြားမှုမရှိဟု ၄င်းက ပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button