ဓာတ်ပုံအက်ဆေး

ရန်ကုန်မြို့မှ ဆီတိုးသူများ

စီးပွားရေးမြို့တော် ရန်ကုန်တစ်နေရာတွင် စားသုံးဆီဝယ်ဖို့အရေး တန်းစီစောင့်ဆိုင်းနေသူများကို ယနေ့ (စက်တင်ဘာ ၁၄) တွေ့မြင်ရခြင်းဖြစ်သည်။ အာဏာသိမ်းစစ်တပ်လက်အောက်တွင် ပြည်သူလူထုအနေဖြင့် အကျပ်အတည်းမျိုးစုံ ရင်ဆိုင်ကြုံတွေ့နေရပြီး ယခုအခါ နေ့စဉ်မရှိမဖြစ် လိုအပ်သည့် ဆန်နှင့် ဆီကိုပင် အလွယ်တကူ ဝယ်မရဖြစ်နေကာ လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော် အနေအထားသို့ ဆိုက်ရောက်နေသည်။

စစ်ကောင်စီ၏ နည်းလမ်းမျိုးစုံဖြင့် ဖိနှိပ်ချုပ်ချယ်ခြင်းများကြောင့် အခြေအနေ ယိုယွင်းပျက်စီးနေသည်။ အာဏာသိမ်းဗိုလ်ချုပ်ကြီးများကို အခက်တွေ့စေသော အခြေအနေများတွင် ကျပ်ငွေတန်ဖိုးကျဆင်းခြင်း၊ အထွေထွေကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးခြင်းတို့လည်း ပါဝင်သည်။

မြန်မာနိုင်ငံတွင် စစ်တပ်က တစ်ကျော့ပြန် အာဏာသိမ်းထားသည်မှာ နှစ်နှစ်ကျော်ရှိလာပြီဖြစ်သည်။ အရပ်သားအစိုးရကိုဖြုတ်ချကာ အာဏာလုယူထားသည့် စစ်ကောင်စီအနေဖြင့် နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူများ၊ ဖိအားပေးမှုများအပြင် ပြည်တွင်း၌လည်း အကျပ်အတည်းပေါင်းများစွာ ရင်ဆိုင်နေရသည်။

Show More

Related Articles

Back to top button