အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပဲခူးတိုင်း ပစ်ခတ်မှုတွင် ၇ နှစ်သမီးနှင့် မိခင်ဖြစ်သူ သေဆုံး

တိုက်ပွဲပြင်းထန်နေသည့် ပဲခူးတိုင်းအရှေ့ခြမ်းတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးနှင့် ပစ်ခတ်မှုတို့ကြောင့် ဩဂုတ် ၂၉ ရက်နေ့တွင် ၇ နှစ်သမီးနှင့် သူ၏ မိခင် သေဆုံးကာ ၄ ဦးထက်မနည်း ဒဏ်ရာရသွားသည်ဟု စုံစမ်းသိရှိရသည်။

ညောင်လေးပင်မြို့နယ်၊ ပျဉ်ရေကြီးကျေးရွာအတွင်း လက်နက်ကြီးကျည် ကျခဲ့ရာ ၇ နှစ်အရွယ် သွန်းရတီဖူး၊ ၄၄ နှစ်အရွယ် မိခင်ဖြစ်သူ ဒေါ်စန်းမျိုးဦးတို့ သေဆုံးသည်၊ ၄၅ ဝန်းကျင်ရှိ ဖခင် ဦးကျော်မင်းနိုင် ဒဏ်ရာရသည်ဟု ထိုဒေသတွင် စစ်ကောင်စီကို ခုခံနေသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။

“မနေ့က လက်နက်ကြီးထိလို့ သေသွားတဲ့ သားအမိနှစ်ဦးမှာ ကလေးက ဗုံးခိုကျင်းထဲမှာ ရှိနေရင်းနဲ့ကို နောက်စေ့ကို လက်နက်ကြီးစ လာမှန်ပြီး သေဆုံးသွားတယ်” ဟု ထိုတပ်ဖွဲ့ဝင်က ဩဂုတ် ၂၉ ရက်နေ့တွင် ပြောသည်။

“အမေကတော့ ခါးထိလို့ ညောင်လေးပင်ဆေးရုံကို သွားပို့တယ်။ ညောင်လေးပင်ဆေးရုံက လက်မခံတော့ ပဲခူးဆေးရုံကို ပို့ရင်းနဲ့ လမ်းမှာ သေဆုံးသွားတယ်လို့ သိရတယ်”

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ကရင်အမျိုးသားအစည်းအရုံး (KNU) က ယနေ့ သတင်းထုတ်ပြန်ရာတွင်လည်း ထိုဖြစ်ရပ်အကြောင်း ဖော်ပြထားသည်။

ထိုရွာမှ မမိုးမိုးဌေး၊ ထူးဝေဖြိုး၊ မုန်းမြို့နယ်၊ လက်တက်ကြီးကျေးရွာမှ အသက် ၂၇ နှစ်အရွယ် စောဂျာကလက်မူးတို့လည်း ဒဏ်ရာရသည်ဟု KNU ထုတ်ပြန်ချက်က ဆိုသည်။

ထို့အတူ ယမန်နေ့ (ဩဂုတ် ၂၉) နေ့လယ်ပိုင်း၊ ဖြူးမြို့နယ်၊ အုတ်ဖြတ်တံတားထိပ် ကရင်ကျ၊ သမန်းကျင်း၊ ကြက်တက်ညောင်ပင်သာရွာတို့အနီး တိုက်ပွဲပြင်းထန်နေချိန်တွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ၃ ကြိမ်ထက်မနည်း ဗုံးကြဲခဲ့သည်ဟု အထက်ပါ PDF ထံမှ သိရသည်။

တိုက်ပွဲများအတွင်း နှစ်ဖက်ထိခိုက်မှုကို မသိရသေးပေ။ စစ်ကောင်စီကလည်း နှုတ်ဆိတ်နေသည်။

ယမန်နှစ်ကုန်မှ စတင်၍ တိုက်ပွဲများ ပိုပြင်းထန်လာသော ပဲခူးအရှေ့ခြမ်းကို စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်နေသလို မြေပြင်စစ်ကြောင်းများဖြင့် ပိတ်ဆို့ထားသည်။ ဒေသတွင်းရှိ လမ်းပိုင်းတချို့ကို ဖျက်ဆီးသည့် နည်းဖြင့်လည်း ခံစစ်ပြင်ထားသည်။

၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းမှုကို ဆန့်ကျင်ကာ စစ်တပ်နှင့် ချုပ်ဆိုထားသည့် တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်ကို အသိအမှတ်မပြုတော့သည့် ဝါရင့်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ KNU က အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တော်လှန်ရေးအင်အားစုအများအပြားနှင့် ပူးပေါင်းကာ မြန်မာနိုင်ငံတောင်ပိုင်းတွင် စစ်ကောင်စီကို စစ်ရေးအရ ဖိအားပေးထားသည်။ စစ်ကောင်စီ ထောက်ပံ့ပို့ဆောင်ရာတွင် သုံးနေသည့် လမ်း၊ တံတားများကို တော်လှန်ရေးအဖွဲ့တို့က မကြာခဏ တိုက်ခိုက်နေကြသည်။

မြို့ပြနှင့် နီးကပ်လာသော တော်လှန်မှုစစ်ဆင်ရေးများသည် KNU နယ်မြေနှင့် ထိစပ်နေသော ပဲခူးတိုင်းအရှေ့ခြမ်းသာမက အနောက်ခြမ်းအထိပါ ကူးစက်နေသည်။ တိုက်ပွဲများကြောင့် ဒေသခံ ထောင်နှင့်ချီ၍ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည်။

(အောက်တွင် စိတ်မချမ်းမြေ့ဖွယ်ရာဓာတ်ပုံကို ဖော်ပြထားသည်)

စစ်ကောင်စီ လက်နက်ကြီးကြောင့် သေဆုံးခဲ့သည့် ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်၊ ပျဉ်ရေကြီးကျေးရွာမှ ၇ နှစ်အရွယ် သွန်းရတီဖူး၏ ရုပ်အလောင်း။ (ဓာတ်ပုံ-KNU)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button