အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

လုံခြုံရေးနှင့် ကျောင်းအိမ်သာ ပြဿနာအတွက် ရတနာပုံတက္ကသိုလ်ကျောင်းသား ၃ဦး ဆန္ဒပြ

(မန္တလေး) – မန္တလေးမြို့ ရတနာပုံတက္ကသိုလ်တွင် ကျောင်းသားများ၏ ဆိုင်ကယ်များ ခိုးယူခံရခြင်းနှင့် အိမ်သာများ သန့်ရှင်းသပ်ရပ်မှုမရှိခြင်းကို အရေးယူဆောင်ရွက်ပေးရန် မန်းအစိုးရက ပျက်ကွက်နေကြောင်း ယနေ့တွင် ကျောင်းသား သုံးဦးက တက္ကသိုလ်ရှေ႔ဆန္ဒပြပြီး စွပ်စွဲလိုက်သည်။

တက္ကသိုလ် ကျောင်းသား နှစ်သောင်းကျော်နှင့် ဆရာ ၇၀၀ ကျော်ရှိသည့် အဆိုပါ တက္ကသိုလ်တွင် လုံခြုံရေး ၃ဝခန့်သာရှိကြောင်း၊ ကျောင်းသားများ၏ ဆိုင်ကယ်များ မကြာခဏ ခိုးယူခံရပြီးနောက် လုံခြုံရေး တိုးမြှင့်ပေးရန် မန်းအစိုးရကို တောင်းဆိုခဲ့သော်လည်း အစိုးရက လျစ်လျူရှုထားဆဲဖြစ်ကြောင်း ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ (ဗကသအဖွဲ့ချုပ်) မှ ဥက္ကဋ္ဌ ကိုကျော်သီဟရဲကျော်က ပြောသည်။

ကျောင်းဧရိယာအတွင်း ဆိုင်ကယ်အပ်နှံခ မကောက်ရန် ပညာရေးဝန်ကြီးဌာနမှ အရာရှိများက သဘောတူခဲ့သော်လည်း မန္တလေးတိုင်းဝန်ကြီးချုပ်၏ ညွှန်ကြားချက်ဖြင့် ဆိုင်ကယ်အပ်နှံခ ပြန်ကောက်ခဲ့ကြောင်း ကျောင်းသားများက စွပ်စွဲကြသည်။ သို့သော် အဆိုပါဆိုင်ကယ်အပ်နှံခ ရရှိသည့် ငွေကြေးများကို ကျောင်းတွင်း လိုအပ်ချက်များအတွက် အသုံးမပြုဟုလည်း ဆန္ဒပြကျောင်းသားများက စွပ်စွဲကြသည်။

“ကျောင်းဆောင်တွေအလိုက် သန်႔စင်ခန်းတွေမှာ သန့်ရှင်းမှု လုံးဝမရှိဘူး။ ရေမလာတာတွေ ရှိတယ်။ တံခါးဂျက်မရှိတာတွေ အများကြီးပါ။ အဲဒီလို ကျောင်းအင်္ဂါရပ်နဲ့ပြည့်စုံတဲ့ သန်႔စင်ခန်းတွေ မရှိတဲ့အချိန်မှာ ကျောင်းသားတွေဆီကရတဲ့ပိုက်ဆံကို အစိုးရအတွက်ပြန်သုံးနေတာဟာ မတရားဘူးလို႔မြင်တယ်” ဟု ကိုကျော်သီဟရဲကျော်က ပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button