ရုပ်သံ

စစ်အာဏာရှင်လက်အောက်မှာ အလုပ်သမားထု အခွင့်အရေး ဘာတွေဆုံးရှုံးနေလဲ

ထမင်းချိုင့် ကိုယ်စီနဲ့ အထည်ချုပ်အလုပ်သမားထောင်ချီဟာ လမ်းလျှောက်ချီတက်ဆန္ဒပြပြီး တစ်နိုင်ငံလုံးက ပြည်သူတွေကို စတင်လှုပ်နှိုးခဲ့သူတွေဖြစ်ပါတယ်။ အဲဒီနောက် နိုင်ငံတစ်ဝန်း စစ်အာဏာရှင်ဆန့်ကျင် ရေးဆန္ဒပြပွဲတွေမှာ တောက်လျှောက်ပါဝင်ခဲ့ပါတယ်။

အာဏာသိမ်းပြီးလပိုင်းအကြာမှာပဲ စစ်ကောင်စီဟာ အလုပ်သမားရေးဆောင်ရွက်တဲ့ အဖွဲ့အစည်းတွေ၊ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်တွေကို တရား မဝင်အသင်းတွေအဖြစ်ကြေညာခဲ့ပါတယ်။

အာဏာသိမ်းမှု ၂ နှစ်ကျော်လာချိန်မှာ စစ်အာဏာရှင်ကို ရှေ့ဆုံးက ဆန့်ကျင်ဆန္ဒပြခဲ့တဲ့ အလုပ်သမားတွေရဲ့ အခြေအနေတွေ ဘယ်လိုဖြစ်သွားပါသလဲ။အာဏာသိမ်းမှုနဲ့အတူ လုပ်ငန်းခွင်တွေမှာ အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေးနဲ့ လုပ်ခလစာအခြေအနေတွေ ဘယ်လောက် ဆိုးရွားလာပါသလဲ။

အလုပ်သမား သမဂ္ဂတွေရဲ့ ရပ်တည်ခွင့်နဲ့ အာဏာသိမ်းပြီးနောက်အလုပ်သမားကဏ္ဍမှာ ဘာတွေပြောင်းလဲသွားလဲ ဆိုတာကို မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM) ကဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်၊မြန်မာနိုင်ငံကုန်ထုတ်နှင့်စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ်(IWFM)ရဲ့ ဥက္ကဌ မခိုင်ဇာအောင်ကို Myanmar Now ကဆက်သွယ်မေးမြန်းထားပါတယ်။

Show More

Related Articles

Back to top button