အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အင်းစိန်စျေးတွင် လက်လုပ်မိုင်းတစ်လုံးကို ဖယ်ရှားနိုင်ခဲ့

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ် အင်းစိန်စျေးအတွင်း လက်လုပ်မိုင်းတစ်လုံး ထောင်ထားသည်ကို ယနေ့မနက်တွင် တွေ့ရှိပြီး ဖယ်ရှားနိုင်ခဲ့ကြောင်း အင်းစိန်မြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က အတည်ပြုပြောကြားသည်။

ဓာတ်ပုံ – ဦးဝေဖြိုးဟန်

အင်းစိန်စျေး E ရုံရှိ ‘ခိုင်လင်းဝေ’ အမျိုးသမီးအထည်ချုပ်ဆိုင်တွင် ယနေ့မနက်ပိုင်းက တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ဒီဇယ်ဆီထည့်ထားသော ပုလင်းအတွင်း သံတိုသံစများ ထည့်သွင်းကာ ဝါယာကြိုးများဖြင့် သွယ်တန်းပြီး ဆိုင် လျှပ်စစ်မီးပလပ်ပေါက်တွင် တပ်ဆင်ထားသည်ကို ဆိုင်လာဖွင့်သည့် အမျိုးသမီးတစ်ဦးက စတင်တွေ့ရှိခဲ့ကြောင်း၊ သက်ဆိုင်ရာကို အကြောင်းကြားသည့်အတွက် တပ်မတော် ဖောက်ခွဲရေးအင်ဂျင်နီယာတပ်မှ လာရောက်စစ်ဆေး ဖယ်ရှားခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

ဓာတ်ပုံ – ဦးဝေဖြိုးဟန်

“လက်လုပ်မိုင်းလို့ပဲပြောရမှာပဲ။ ယမ်းတော့မပါပေမဲ့ အဲ့ဒီဆိုင်က သတိမမူဘဲ လျှပ်စစ်မီးတွေ ဖွင့်လိုက်မယ်ဆိုရင် ဒီပုလင်းက ပေါက်ကွဲမှာပဲ။ ဒါဟာ ရည်ရွယ်ချက်ရှိရှိနဲ့ကိုလုပ်တာ။ ဘယ်သူလုပ်တာလဲဆိုတာတော့ အခုချိန်ထိ မသိရသေးဘူး” ဟု ဦးဝေဖြိုးဟန်က ဆိုသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး အင်းစိန်ရဲစခန်းနှင့် အင်းစိန်ရဲတပ်ဖွဲ့မြို့နယ်ရဲမှူးရုံးတို့၏ ရုံးဖုန်းထံသို့ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းဖြေကြားခဲ့ခြင်း မရှိပါ။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button