အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

လူ့အခွင့်အရေးနေ့ အခမ်းအနား တောင်ကြီးပန်းခြံတွင် ပြုလုပ်ခွင့် မရ

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် နှစ်စဉ်ပြုလုပ်နေသည့် လူ့အခွင့်အရေးနေ့အခမ်းအနား ဗိုလ်ချုပ်ပန်းခြံအတွင်း ပြုလုပ်ရန် ခွင့်မပြနိုင်ကြောင်း မြို့နယ် စည်ပင်သာယာရေးကော်မတီက အကြောင်းပြန်ထားသည်ဟု အခမ်းအနားကျင်းပလိုသူတစ်ဦးက နိုဝင်ဘာ ၂၇ တွင် ပြောသည်။

ဒီဇင်ဘာ ၁ဝ နေ့လယ်မှ ညပိုင်းအထိ ဗိုလ်ချုပ်ပန်းခြံအတွင်း ပြုလုပ်မည့် အစီအစဉ်ကို ပြည်နယ်အစိုးရ ဝန်ကြီးချုပ်ထံ စာတင် တောင်းဆိုခဲ့ခြင်းဖြစ်သည်ဟု Human Right Educator Network ၏ တောင်ကြီးမြို့ တာဝန်ခံ ဒေါ်နှင်းနန္ဒာအောင် က Myanmar Now ကို ပြောသည်။

မကြာသေးမီက တောင်ကြီးတွင် တပ်မတော်ထောက်ခံပွဲတစ်ခု ပြုလုပ်ခွင့် ရခဲ့သည်ကို တွေ့ရကြောင်းလည်း ၎င်းက ထောက်ပြသည်။

“ဝန်ကြီးချုပ်ကို လိပ်မူထားတဲ့အတွက် ခွင့်မပြုရင်တောင် လုပ်ထုံး လုပ်နည်းအရ ဝန်ကြီးချုပ်ဆီကပဲ အကြောင်း ပြန်ရမှာ။ အခုက မြို့နယ်စည်ပင်ကနေ ကျွန်မဆီကို စာထွက်တာ။ ထူးဆန်းနေတယ်။ စစ်တပ် ထောက်ခံပွဲကျတော့ မတားဘူး။ ကျွန်မတို့ ပွဲကျတော့ ခွင့်မပြုဘူး” ဟု ၄င်းက ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

Myanmar Now က ဖတ်ရှုခဲ့ရသည့် တောင်ကြီးမြို့နယ်၊ စည်ပင်သာယာရေးဌာန၏ အကြောင်းပြန်စာတွင် အမှုဆောင်အရာရှိ ဦးအေးကို လက်မှတ်ရေးထိုးထားပြီး “ဗိုလ်ချုပ်ပန်းခြံသည် အများပြည်သူများ အပန်းဖြေ အနားယူသည့်နေရာ ဖြစ်သည့်အတွက် ပန်းခြံအတွင်း ဖြေဖျော်ခွင့် တောင်းခံလာခြင်းနှင့် ပတ်သက်၍ ခွင့်မပြုကြောင်း ပြန်ကြားပါသည်” ဟု ဖော်ပြထား သည်။

ယင်းကိစ္စ အတည်ပြုရေးနှင့် ပတ်သက်ပြီး Myanmar Now က မြို့နယ် စည်ပင်သာယာရေးရုံးနှင့် အဆက်အသွယ် မရသေးပေ။

တောင်ကြီးမြို့မှ အရပ်ဘက်အဖွဲ့အစည်း ၁၁ဖွဲ့မှ ပူးပေါင်းကာ မြို့နယ်စည်ပင်မှ ခွင့်မပြုရခြင်း အကြောင်းရင်းကို ပြန်လည် ရှင်းလင်းပေးရေး၊ ပွဲလုပ်ခွင့်ပြုရေးတို့အတွက် ဝန်ကြီးချုပ်ထံ လိပ်မူ၍ ထပ်မံ တင်ပြထားကြောင်း သိရသည်။

“ကျွန်မတို့က အပန်းဖြေ အနားယူမယ့်နေရာမှာ ဟောပြောပွဲတွေ၊ စည်းရုံးရေးတွေ သွားလုပ်မှာ မဟုတ်ဘူး။ ပြည်သူတွေအတွက် ပျော်ပွဲရွှင်ပွဲ သီချင်းတွေ၊ မေးခွန်းတွေနဲ့အတူ လူ့အခွင့်အရေး ဆိုင်ရာ အသိပညာပေးမှုကို လုပ်မှာပါ။ ဒီနှစ်မှ မဟုတ်ဘူး၊ ပြီးခဲ့တဲ့ ၂ဝ၁၇ တုန်းကလည်း အဲဒီခွင့်ပြုမိန့်နဲ့ပဲ ကျွန်မတို့ လုပ်တာ။ အရင်နှစ်က ခွင့်ပြုမိန့် ပေးပြီး ဒီနှစ်မှ မပေးဘူး ဆိုတာမျိုးပါ” ဟု ဒေါ်နှင်းနန္ဒာအောင်က ပြောသည်။

နိုင်ငံအနှံ့ လူ့အခွင့်အရေးဆိုင်ရာလှုပ်ရှားမှုများ ပြုလုပ်နေသည့် Human Rights Educator Network အနေဖြင့် လူ့အခွင့်အရေးနေ့အခမ်းအနားကို ၂ဝ၁၆ ခုနှစ်မှစ၍ တောင်ကြီးမြို့တွင် နှစ်စဉ် ကျင်းပခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button