အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရခိုင်တောင်ပိုင်း ဂွမြို့ရှိ တပ်ရင်းတစ်ခုအနီးမှ ပစ်ခတ်သံများ ကြားနေရ

ရခိုင်ပြည်နယ်၏ တောင်ဘက်အစွန်းဆုံး ဧရာဝတီတိုင်းဘက်သို့အထွက် ဂွမြို့ရှိ တပ်မတော်တပ်ရင်း တစ်ခုအနီးမှ ပစ်ခတ်သံများ ကြားနေရသည်ဟု ဒေသခံများက Myanmar Now ကို ပြောသည်။

ယနေ့ (ဧပြီ ၃) ည ၇ နာရီနှင့် ၈ နာရီကြားတွင် လက်နက်ငယ်ဖြင့် ပစ်ခတ်သံအချို့ ကြားရပြီး လက်နက်ကြီးသံ ၄-၅ ချက်ခန့်ကိုလည်း ကြားရသည်ဟု Myanmar Now က ဖုန်းဖြင့်မေးမြန်းသည့် ဒေသခံ ၆ ဦးက အတည်ပြုသည်။

ဧရာဝတီ ငါးသိုင်းချောင်းမြို့ဘက်သို့အသွား ဂွမြို့၏ အရှေ့တောင်ဘက်တွင် တပ်မတော်၏ တပ်ရင်း ခမရ-၅၆၂ ရှိပြီး ဂွမြို့၏မြောက်ဘက်တွင် တပ်ရင်း ခမရ-၅၆၃ ရှိရာ ယခု ပစ်ခတ်သံများကြားရသည်မှာ တပ်ရင်း ၅၆၂ ဘက်မှဟု သိရသည်။

“ပထမတော့ လက်နက်ငယ်လေးတွေ ဖောက်ဖောက် ဖောက်ဖောက်နဲ့ ပစ်နေတာ ကြားရတယ်။ နောက်မှ လက်နက်ကြီးသံ ‘အုန်းခနဲ… အုန်းခနဲ’ ပထမနှစ်ချက်၊ နောက် ဒုတိယနှစ်ချက်၊ နောက်တစ်ကြိမ် နှစ်ချက် အားလုံး ၆ ချက်လောက်ကြားရတယ်” ဟု အမည်မဖော်လိုသူ မြို့မိမြို့ဖတစ်ဦးက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ယခုအချိန်တွင် ပစ်ခတ်မှုများ ရပ်သွားပြီဖြစ်သော်လည်း ဂွမြို့နေပြည်သူများမှာ ထိတ်လန့်လျက်ရှိနေသည်ဟု မြို့ခံများက ဆိုသည်။

“လက်ဖက်ရည်ဆိုင်ထိုင်ကြတဲ့ အချိန်ကြီးဖြစ်တာဆိုတော့ လန့်တာပေါ့။ အိမ်တွေအားလုံး တံခါးတွေပိတ်ပြီး တိတ်ဆိတ်ကုန်တာ” ဟု မြို့ခံအမျိုးသမီးဦးက ဖုန်းဖြင့်ပြောသည်။

ယခုပစ်ခတ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်ဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဖုန်းဆက်မေးမြန်းရာ “အစည်းအဝေးလုပ်နေ၍ နောက်မှပြန်ဆက်သွယ်ရန်” ပြောသည်။

ရခိုင်ပြည်နယ်၏ မြောက်ဘက်ဆုံး ဘူးသီးတောင်၊ ရသေ့တောင်၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော် စသည့်မြို့များတွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့၏ တိုက်ပွဲများမှာ ဆက်တိုက် ဖြစ်ပွားနေသော်လည်း သံတွဲနှင့် ဂွကဲ့သို့ ရခိုင်ပြည်နယ်တောင်ပိုင်းမြို့များမှာ တိုက်ပွဲဖြစ်ပွားဖူးခြင်းမရှိသည့် မြို့များဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles