အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အလုပ်သမား ၅၀၀ နီးပါးလျှော့ချလိုက်၍ တောင်ဒဂုံတွင် အလုပ်သမားများဆန္ဒပြ

အလုပ်သမား ၄၇၈ ဦးလျှော့ချလိုက်သည့်အတွက် တောင်ဒဂုံစက်မှုဇုန်မှ Loadstar အထည်ချုပ်စက်ရုံကို အလုပ်သမားများက ယနေ့(မတ်၂၆) နံနက်မှစ၍ ဆန္ဒပြနေကြသည်။

လျှော့ချလိုက်သည့် အလုပ်သမားအများစုမှာ ပြီးခဲ့သည့် သီတင်းပတ်က ပြုလုပ်ခဲ့သည့် လုပ်ငန်းခွင်အခြေအနေ တိုးတက်ကောင်းမွန်ရေးအတွက် တောင်းဆိုသည့် ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူများဖြစ်ကြောင်း အလုပ်သမားခေါင်းဆောင်တစ်ဦးဖြစ်သည့် မယုမေလွင်က ပြောသည်။

သန့်ရှင်းသောသောက်သုံးရေရှိရန်၊ အချိန်ပိုကြေးများရရှိရန်နှင့် လုပ်အားနှင့်မကိုက်ညီသည့် အထည်စံနှုန်းများ လျှော့ချပေးရန်အတွက် အလုပ်သမားများက မတ် ၂၁ မှ ၂၂ အထိ နှစ်ရက်ကြာ ဆန္ဒပြခဲ့ပြီးနောက် အလုပ်ရှင်နှင့် ပြေလည်မှုရရှိသွားသည့်အတွက် မတ် ၂၃ တွင် လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်ခဲ့ကြသည်။

လုပ်ငန်းခွင်ဝင်ရောက်ပြီး သုံးရက်အကြာ မတ် ၂၆ မနက်ပိုင်းမှသာ လုပ်သားအင်အားလျှော့ချမည့်အကြောင်းကို ကြေညာခဲ့ခြင်းဖြစ်သည်ဟု အလုပ်သမားများက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ယနေ့ (မတ် ၂၆) တွင် စက်ရုံက ကြေညာချက်တစ်ရပ်ကို စက်ရုံအတွင်း ထုတ်ပြန်ခဲ့ပြီး ယင်းထုတ်ပြန်ချက်တွင် စက်ရုံလည်ပတ်ရန်ခက်ခဲလာပြီး ပိတ်သိမ်းရမည့်အခြေအနေတွင် ရှိသည့်အတွက် ဝန်ထမ်း ၈၈၄ ဦးအနက် ၄၇၈ ဦးအားလျှော့ချမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ယင်းအပြင် အထည်မှာသူက သတ်မှတ်ထားသည့် အရည်အသွေးကို ပြည့်မီအောင်မထုတ်နိုင်သဖြင့် အထည် လေးသိန်းကျော်ခန့် ဖျက်သိမ်းခံခဲ့ရခြင်း၊ ကိုဗစ်နိုင်တင်း ဂယက်ကြောင့် အမေရိက၊ ဥရောပစျေးကွက် အထည်အပ်နှံမှုလျော့ကျလာခြင်းတို့ကြောင့် အော်ဒါဆက်လက်ရရှိရန် အခက်အခဲနှင့်ရင်ဆိုင်နေရသည်ဟု လည်းဖော်ပြထားသည်။

အရည်အသွေးစစ်ဆေးရေးဌာနမှ စကားပြန်ဖြစ်သူ မယုမေလွင်က “အော်ဒါမရှိလို့ လူဦးရေလျှော့တယ်ဆိုပြီး ဒီနေ့မနက် ထုတ်ပြန်တယ်၊ ထုတ်လိုက်တဲ့သူတွေအများစုက ဆန္ဒပြခဲ့တဲ့အထဲ ပါတဲ့အလုပ်သမားတွေများတယ်။ ကျွန်မတို့သိချင်တာတာက စက်ရုံကို ပိတ်မှာလား။ ယာယီပိတ်မှာလား။ ဘာကြောင့်လဲရှင်းရှင်းလင်းလင်း သိချင်တယ်” ဟုပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာ စက်ရုံတာဝန်ရှိသူကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပြီး ဆက်သွယ်၍မရသေးပေ။

Loadstar စက်ရုံသည် တရုတ်နိုင်ငံသားပိုင်အထည်ချုပ်စက်ရုံဖြစ်ပြီး ၂၀၁၉ ဧပြီတွင် စတင်လည်ပတ်ခဲ့ခြင်းဖြစ်ကာ အလုပ်သမား အင်အား ၉၀၀ ကျော်ရှိသည်။

ကိုဗစ်နိုင်တင်း (COVID-19) ဂယက်ကြောင့် ကုန်ကြမ်းပြတ်လပ်ခြင်း၊ အော်ဒါတင်ပို့ရန်အခက်အခဲရှိခြင်းတို့ ကြောင့် ရန်ကုန်တိုင်းအတွင်း စက်ရုံ ၂၀ ကျော် ပိတ်သိမ်းခဲ့ရပြီး အလုပ်သမားအင်အား တစ်သောင်းနီးပါး အလုပ်လက်မဲ့ ဖြစ်သွားကြောင်း အလုပ်သမား အဖွဲ့အစည်းများက ပြောကြားထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button