အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရခိုင်မူလွန်ကျောင်းလက်နက်ကြီးကျမှု ဆန္ဒပြကျောင်းသားများ ထောင်တစ်လစီကျ

ခွင့်ပြုချက်မယူဘဲ ဆန္ဒပြတောင်းဆိုခဲ့မှုဖြင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) အဖွဲ့ဝင်ကျောင်းသား ၇ ဦးကို ကမာရွတ်မြို့နယ် တရားရုံးက ထောင်ဒဏ် တစ်လစီကျခံစေရန် မတ် ၂၅ တွင် အမိန့်ချလိုက်သည်။

ရခိုင်နှင့်ချင်းပြည်နယ် မြို့နယ်အချို့တွင် အင်တာနက်ဖြတ်တောက်ထားမှုကို ပြန်ဖွင့်ပေးရန်နှင့် ဘူးသီးတောင်ရှိ မူလတန်းလွန်ကျောင်းပေါ် လက်နက်ကြီးကျရောက်မှုကို ဖြေရှင်းပေးရန် တက္ကသိုလ် ကျောင်းသားများက ဖေဖော်ဝါရီ ၂၃ တွင် ရန်ကုန် လှည်းတန်း၌ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ထိုဆန္ဒပြပွဲကို ဦးဆောင်သူကိုးဦးကို ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဥပဒေ ပုဒ်မ ၁၉ ဖြင့် ကမာရွတ်မြို့နယ် ရဲစခန်းက အမှုဖွင့်ခဲ့ကာ မတ် ၅ တွင် ရန်ကုန်ပညာရေးတက္ကသိုလ်အတွင်းသို့ ရဲက ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

တရားစွဲခံထားရသူ ကိုးဦးအနက် ရခိုင်ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုမြတ်ဟိန်းထွန်းနှင့် ကိုကျော်လင်းတို့နှစ်ဦး တိမ်းရှောင်နေခဲ့ပြီး ကျန်ကျောင်းသား ၇ ဦးမှာ အင်းစိန်ထောင်တွင်းမှ တရားရင်ဆိုင်ခဲ့သည်။ ယနေ့ မနက်ပိုင်းတွင် ကမာရွတ်မြို့နယ် တရားသူကြီး ဦးလှိုင်က ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဥပဒေ ပုဒ်မ ၁၉ ဖြင့် ထောင်ဒဏ်တစ်လ ချမှတ်လိုက်ခြင်းဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ထောင်ဒဏ်တစ်လ ချမှတ်ခံထားရသူများမှာ ကိုနောင်ထက်အောင်၊ ကိုသုတစိုး၊ မနှင်း၊ မအေးမြတ်မွန်ကျော်၊ ကိုအောင်ပြည့်စုံဖြိုး၊ ဇော်ထက်နိုင်၊ ကိုသက်တင်အောင်၊ ကိုကျော်လင်းနှင့် ကိုမြတ်ဟိန်းထွန်းတို့ ဖြစ်သည်။ ငြိမ်းစုစီပုဒ်မ ၁၉ အရ အများဆုံးထောင်ဒဏ် သုံးလအထိချနိုင်သလို ငွေဒဏ်လည်းချနိုင်သည်။

အင်းစိန်ထောင်တွင်းမှ တရားရင်ဆိုင်နေသည့် ကာလများကို လျှော့ရက်ရရှိမည်ဖြစ်၍ မတ် ၁၁ တွင်မှ ဖမ်းဆီးခံခဲ့ရသူ ဗကသအဖွဲ့ချုပ် ကျောင်းသားအခွင့်အရေး ကာကွယ်ရေးကော်မတီ တာဝန်ခံ ကိုသက်တင်အောင်မှလွဲလျှင် ကျန်ကျောင်းသား ၆ ဦးမှာ အကျဉ်းထောင်တွင် ၁၀ ရက်ခန့်သာ နေထိုင်ရမည်ဖြစ်သည်။

ဆန္ဒပြကျောင်းသားများကို ထောင်ဒဏ် ချမှတ်လိုက်ခြင်းမှာ ဗကသ ကျောင်းသားများကို ဖိနှိပ်လိုက်ခြင်းဖြစ်ပြီး ရခိုင်တွင် အင်တာနက်ဖွင့်ပေးရန်နှင့် ဘူးသီးတောင်ရှိ မူလတန်းလွန်ကျောင်း လက်နက်ကြီးထိမှန်မှုများကို တာဝန်ယူဖြေရှင်းပေးရန် ဆက်လက်တောင်းဆိုသွားမည်ဖြစ်ကြောင်း ဗကသ ဥက္ကဋ္ဌ ကိုသက်မောင်မောင်က ပြောသည်။

သို့သော်လည်း ကိုဗစ်-၁၉ ဗိုင်းရပ်စ် ရောဂါကြောင့် လက်ရှိအချိန်တွင်တော့ လှုပ်ရှားမှုများ လုပ်ဆောင်ရန် ခက်ခဲနေသည်ဟု ၎င်းကပြောသည်။

“ကိုရိုနာ ဗိုင်းရပ်စ်ရောဂါဖြစ်ပွားနေလို့ လူစုလူဝေးတွေ လုပ်လို့မရတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အကျပ်ရိုက်နေတယ်။ ကျွန်တော်တို့ လက်ရှိအနေအထားမှာတော့ ဘာမှ လုပ်ဆောင်သွားမှာ မဟုတ်ဘူး” ဟု ၎င်းကဆိုသည်။

ထို့ပြင် မတ်လ ၁၂ ရက်နေ့ ရုံးချိန်းတွင် ကမာရွတ်တရားရုံးထဲတွင် ကျောင်းသားများကို အကြမ်းဖက်ဖြိုခွဲခဲ့သည့်အပေါ်တွင်လည်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) နှင့် မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်တို့ထံ တိုင်ကြားသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button