အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

လှတောရွာရဲစခန်းကို ကာကွယ်ရေးအဖွဲ့ ဝင်တိုက်စဉ် လေကြောင်းပစ်ကူကြောင့် ပြန်ဆုတ်ရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့မြောက်ဘက်ရှိ လှတောကျေးရွာရဲစခန်းအတွင်း နေရာယူတပ်စွဲထားသည့် စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်စဉ် လေကြောင်းပစ်ကူကြောင့် ပြန်ဆုတ်ခွာခဲ့ရသည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဆိုသည်။

ဝက်လက်မြို့မြောက်ဘက် ၁၃ မိုင်ခန့်အကွာရှိ ရဲစခန်းကို ပစ်ခတ်တိုက်ခိုက်ပြီး မိနစ်ပိုင်းအကြာတွင် မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ ရဟတ်ယာဉ်ရောက်လာကာ ပစ်ကူပေးသည်ဟု မြို့နယ် ပကဖခေါင်းဆောင် ကိုနေမျိုးအောင်ဆိုသူက ပြောသည်။

“၁၀ မိနစ်လောက်ပဲ ပစ်လိုက်ရတယ်။ စပစ်ပြီဆိုကတည်းက နမခက ရဟတ်ယာဉ်တစ်စီး တက်လာတယ်။ အဲ့ဒါနဲ့ပဲ လက်လျှော့ပြီး နောက်ဆုတ်လိုက်ရတယ်”

အိမ်ခြေတစ်ထောင်ကျော်ရှိ လှတောရွာရဲစခန်းတွင် စစ်သား၊ ရဲနှင့် ပျူစောထီး အားလုံးပေါင်း ၃၀ ခန့်သာ ရှိသဖြင့် ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ပကဖခေါင်းဆောင် ကိုနေမျိုးအောင်က ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ရဲစခန်းကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ ရွှေဘိုခရိုင် အမှတ် (၁) တပ်ရင်းနှင့် မြို့နယ်ပကဖ အပါအဝင် ဝက်လက်မြို့နယ်အခြေစိုက် ဒေသခံ ကာကွယ်ရေးအဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ရွှေဘိုနှင့် ဝက်လက်ဒေသတွင် စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီလမှစ၍ လှတော၊ ရွာသာကြီး၊ ဟန်လင်း စသည့် ကျေးရွာများတွင် အထိုင်စခန်းချကာ စစ်ကြောင်းထိုးနေသည်။

လှတောရွာရဲစခန်းကို ဝင်ရောက်တိုက်ခိုက်စဉ် စစ်ကောင်စီဘက်တွင် အထိအခိုက်မရှိသည့်နည်းတူ တော်လှန်ရေးအဖွဲ့များသည်လည်း အန္တရာယ်ကင်းစွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။​ ရွာခံများအနေဖြင့်လည်း အထိမခိုက်မကြားရသေးဟု လှတောရွာသားတစ်ဦးက ပြောသည်။

ယမန်နေ့တွင် တော်လှန်ရေးအဖွဲ့များ၏ ဝင်ရောက်တိုက်ခိုက်ခြင်းခံရပြီးနောက် လှတောရွာအနီးရှိ ရွာသာကြီးရွာမှ စစ်သားများကို ခေါ်ယူကာ အင်အားဖြည့်ထားသည်ဟု သိရသည်။

လက်နက်ကိုင်ခုခံတော်လှန်မှု ပြင်းထန်သည့် စစ်ကိုင်းတိုင်းအတွင်း ဒေသခံ PDF အဖွဲ့များကို မထောက်ပံ့နိုင်စေရန် စစ်ကောင်စီက ကျေးရွာများကို မကြာခဏ စီးနင်းဝင်ရောက်ကာ မီးရှို့ဖျက်ဆီးလေ့ရှိသည်။ ဒေသအတွင်း ဝင်ရောက်လာသည့် စစ်တပ်ကို တော်လှန်ရေးအဖွဲ့များက ရရာလက်နက်ဖြင့် ခုခံတိုက်ခိုက်လေ့ရှိသည်။

မတ်လဆန်းက လှတောကျေးရွာမှ ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် ဒေသခံကာကွယ်ရေးအဖွဲ့များ တိုက်ပွဲဖြစ်ရာ ကျေးရွာပကဖ အဖွဲ့ဝင် ၄ ဦး သေဆုံးပြီး အခြားရွာသား ၃ ဦးလည်း ပစ်သတ်ခံရသည်။

အလားတူ ယခုလ ၂၃ ရက်ကလည်း ဝက်လက်မြို့မှ သုံးမိုင်ခန့်အကွာတွင် အင်အား ၇၀ ပါ စစ်ကြောင်းကို မြို့နယ်ပကဖနှင့် ကာကွယ်ရေးအဖွဲံများက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ အနီးရှိ ရွာနှစ်ရွာကို စစ်တပ်က မီးရှို့သဖြင့် နေအိမ် အလုံး ၁၃၀ ကျော် မီးလောင်ပြာကျခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles